အားလုံးပဲမင်္ဂလာပါနော်။ Green Tea မှာကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာ စာဖတ်သူတို့လည်း သိပြီးသားဖြစ်မှာပါ။ Antioxidant တွေအများကြီးပါဝင်ပြီး သင့်ကို ကျန်းမာစေပါတယ်။ ဆီးချို၊ ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
Green Tea အအေးကတော့ သင့်ကို အမောပြေစေပြီး အရသာရှိသလို အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။ နွေရာသီပဲဖြစ်ဖြစ်၊ မိုးတွင်းဖြစ်ဖြစ် သောက်လို့အဆင်ပြေမှာပါ။ အဆင်သင့်လုပ်ထားတဲ့ Iced Tea တွေရှိတာပေါ့။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင် လုပ်တာကမှ ပိုပြီးအရသာရှိပြီး ပိုကျန်းမာရေးနဲ့ညီညွတ်မှာပါနော်။
ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်း
- ရေ ၃ ခွက်
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေခဲတုံး အနည်းငယ်
- သံပယိုသီး ၁ စိတ်
- ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
- ပူစီနံ အနည်းငယ်
- Green Tea အထုပ် ၂ ထုပ် (သို့) ၃ ထုပ်
ပြုလုပ်နည်း
အရင်ဆုံး ရေကိုပွက်ပွက်စူအောင် သည်ပါ။ ဂျင်းနဲ့ Green Tea အထုပ်ထည့်လိုက်ပါ။ ၁ မိနစ်လောက်ထားပါ။
ပူစီနံ ထည့်ပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပါ။
ပြီးရင်တော့ မီးဖိုပေါ်ကချပြီး ခရားထဲထည့်ထားပါ။
သောက်တော့မယ်ဆိုရင် Shaker ထဲထည့်လိုက်ပြီး ရေခဲတုံးထည့်လိုက်ပါ။ ပြီးရင်တော့ သံပယိုသီးအရည်ညှစ်၊ ပျားရည် ထည့်လိုက်ပြီး လှုပ်ခါကာ သောက်ပေးလိုက်ပါ။
Source: www.febhow.com
By: MyFood Myanmar








