အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တစ်ချက်ခုတ် ၃၊ ၄ ချက် ပြတ်တဲ့လုပ်ရတာလည်း လွယ်တယ်၊ အရသာလည်းရှိတယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ ဂျင်းလက်ဖက်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ လည်ချောင်းရှင်းမယ်၊ အအေးမိဖျားနာခြင်းကို ကာကွယ်ပေးမယ်၊ ချောင်းဆိုးခြင်းကိုလည်း သက်သာစေမယ်၊ အစာလည်းကျေစေမှာဖြစ်သလို၊ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ Antioxidant ပါဝင်ပြီးတော့ တခြားကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေမှာပါ။
ပါဝင်ပစ္စည်း
- ဂျင်း
- ရေ
- သံပယိုရည် (သို့) သံပရာရည်
- ပျားရည်
- သကြား (လိုအပ်မှထည့်ပါ)
ပြုလုပ်နည်း
အရင်ဆုံး ဂျင်းကို အခွံနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။
အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်လိုက်ပါ။
ဆူလာရင် ဂျင်းထည့်ပေးလိုက်ပါ။
၁၀ မိနစ်လောက် အဖုံးအုပ်ထားပေးပါ။
ပြီးရင်တော့ ဇကာနဲ့ သေချာလေး စစ်ပေးလိုက်ပါ။
သံပယိုသီး (သို့) သံပရာသီးညှစ်လိုက်ပါ။
ပျားရည် ထည့်လိုက်ပါ။ လိုအပ်ရင် သကြားထပ်ထည့်နိုင်ပါတယ်။
ပူပူလေးသောက်ပေးပါ။
Source: www.fabhow.com