အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရင်အေးစေပြီး အမောပြေစေတဲ့ ဖရဲ သံပရာဖျော်ရည်တစ်ခွက် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

အရောင်အသွေးစုံလင်ပြီး အရမ်းအရသာရှိတဲ့ ဖျော်ရည်လေးမို့ စာဖတ်သူတို့ သဘောကျကြမှာပါနော်။

ပါဝင်ပစ္စည်း

  • ဖရဲသီး အတုံး ၂ ခွက်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပရာရည် ခွက် ၁/၄ပုံ
  • သံပရာ သီးအရေခွံ နဲ့ ပူစီနံရွက်အနည်းငယ် (အနံ့မွှေးအောင်ထည့်တာပါ။ ပူစီနံမကြိုက်ရင်မထည့်လည်းရပါတယ်။)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို Blender ထဲထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ရေနည်းနည်းထည့်ပြီး သေချာလေး ကျိတ်ပေးလိုက်ပါ။

စစ်တာလေးနဲ့ခံပြီး သေချာစစ်ပေးလိုက်ပါ။

ပြီးရင်တော့ ခွက်ထဲထည့်ပြီး သောက်သုံးလို့ရပါပြီ။

လတ်လတ်ဆတ်ဆတ်သောက်ပေးရင် ပိုပြီးအရသာရှိပါတယ်နော်။

Source: www.fabhow.com

By: MyFood Myanmar