မင်္ဂလာပါ။ ရေဓာတ်ပြည့်ဝတဲ့ သခွားသီးကို အစားအစာတစ်ခုအနေနဲ့သာမက အလှအပအတွက်လည်း အသုံးပြုပေးနိုင်ပါတယ်။ အသားအရေနဲ့ ဆံပင်အတွက်လည်း ကောင်းမွန်တာကြောင့် မျက်နှာပေါင်းတင်ဆေး၊ မျက်နှာသစ်ဆေး စသဖြင့် အသားအရေအလှကုန်တွေအနေနဲ့လည်း ထုတ်လုပ်လျက်ရှိနေပါတယ်။

နေလောင်ဒဏ်တွေကို ကုသရာမှာလည်း ရှားစောင်းလက်ပက်ကို အသုံးပြုပေးနိုင်တဲ့ သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဖိုက်ဘာ၊ Antioxidants တွေနဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ကေတို့လို သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒီလို အကျိုးကျေးဇူးတွေများတဲ့ သခွားသီးကို ထိန်းသိမ်းဖို့ကလည်း ပြဿနာတစ်ခုပါပဲ။ ရေဓာတ်မြင့်မားတဲ့အတွက် အလွယ်တကူ ပုပ်သိုးလွယ်တာ ကြောင့် ရေရှည်သိမ်းဆည်းထားနိုင်မယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

၁။ ရေခဲသေတ္တာအတွင်း သိမ်းဆည်းခြင်း

လိုအပ်သောပစ္စည်းများ

သခွားသီး၊ ဇစ်ပိတ်ပါတဲ့ အိတ်အပျော့၊ မီးဖိုချောင်သုံးစက္ကူ

သခွားသီးကို မီးဖိုချောင်သုံး စက္ကူထဲမှာ တင်းတင်းထည့်လိပ်ပြီး အိတ်ထဲထည့်ပိတ်ကာ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပေးပါ။

ဒီနည်းလမ်းလေးအတိုင်း လိုက်နာမယ်ဆိုရင်တော့ တစ်ပတ်၊ ဆယ်ရက်အထိ ကြာရှည်ခံမှာဖြစ်ပါတယ်။

၂။ အခွံခွာပြီး လှီးကာသိမ်းဆည်းခြင်း

လိုအပ်သောပစ္စည်းများ

သခွားသီး (အခွံခွာပြီး လှီးပြီးသား)၊ လေလုံတဲ့ကော်ဘူး၊ မီးဖိုချောင်သုံးစက္ကူ

အလယ်အလတ် အရွယ်အစားရှိတဲ့ သခွားသီးကို အခွံခွာပြီး အရှည်လိုက် ၄ စိတ်ရအောင် လှီးဖြတ်ပါ။ သခွားသီးစိတ်များကို လေလုံတဲ့ကော်ဘူးထဲကို ထည့်ကာ သခွားသီးတွေအပေါ်ကနေ မီးဖိုချောင်သုံးစက္ကူကိုဖုံးလိုက်ပါ။

ကော်ဘူးကို ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားမယ်ဆိုရင်တော့ သခွားသီးတွေဟာ ၁ ပတ်နီးပါးအထိ ကြာရှည်ခံမှာဖြစ်ပါတယ်။

Credit: Fabhow.com