ကမ္ဘာတစ်ဝှမ်းက ကျောင်းနေအရွယ် ကလေးတွေရဲ့ ထမင်းဘူးကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။ သူတို့တွေ ဘာတွေကို အဓိကထား ကျွေးမွေးသလဲ? ကလေးငယ်တွေရဲ့စိတ်ပိုင်း ရုပ်ပိုင်းတွေ အတွက် လာတွေကို ဦးစားပေး ကျွေးကြလဲဆိုတာ မြင်တွေ့ကြရမှာပါ။
အီတလီ
ငါး၊ ခရမ်းချဉ်သီးအနှစ်နဲ့ ပါစတာ၊ စပျစ်သီးနဲ့ အရွက်သုပ်
ပြင်သစ်
အမဲသား၊ မုန်လာဥနီ၊ ပဲသီးစိမ်း၊ ချိစ်နဲ့ လတ်ဆတ်တဲ့အသီးအနှံ
တောင်ကိုရီးယား
ငါးစွပ်ပြုတ်၊ ပဲပြားနဲ့ ထမင်း၊ ကင်မ်ချီ၊ အသီးအရွက်
အမေရိကန်
ကြက်သားကြော်၊ အာလူး၊ ပဲ၊ အသီး၊ ချောကလက်ကွတ်ကီး
ဂရိ
ကြက်သားကင်၊ ခရမ်းချဉ်သီးနဲ့သခွားသီးသုပ်၊ လိမ္မောသီး၊ သလဲသီးဒိန်ချဉ်၊ Orzo (အီတလီ အစားအစာဖြစ်ပြီး ဆန်ပုံစံ အစေ့လေးတွေပါ အနည်းငယ်တော့ ကြီးပါတယ်။ စွပ်ပြုတ်၊ အသုပ်တို့ လုပ်စားကြပါတယ်)
ဖင်လန်
ပဲစွပ်ပြုတ်၊ နိုကိုဥ၊ မုန်လာဥနီ၊ ပေါင်မုန့်၊ ပန်ကိတ်၊ ဘယ်ရီသီး
စပိန်
ပုဇွန် ၊ ထမင်း၊ အသီးအရွက်၊ Gazpacho (အသီးအရွက်တွေနဲ့လုပ်ထားတဲ့ ရိုးရာအစားအစာ)၊ ပေါင်မုန့် ၊ လိမ္မော်သီးနဲ့ ငရုတ်ပွသီး Salad
ဘရာဇီး
အသီးအရွက်နဲ့ ရောက်ချက်ထားတဲ့ ဝက်သား၊ ပဲနဲ့ ထမင်း၊ Salad ၊ ပေါင်မုန့်၊ ငှက်ပျောသီး မီးဖုတ်
Source: BrightSide