အများကြီးအထောက်အကူပြုတယ်ဆိုတာတော့ သိထားပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ သစ်သီးတွေများစွာထဲကမှာ ရှောက်သီးက ခန္ဓာကိုယ်အတွင်းပိုင်းရော၊ အပြင်ပိုင်းရောသာမကပဲ အသားအရေကျန်းမာလှပဖို့အတွက်လည်း အများကြီးအထောက်အကူပြုနေပါတယ်။

ရှောက်သီးကို သင့်ရဲ့နေ့စဉ်စားသောက်နေထိုင်တဲ့ အချိန်ဇယားထဲမှာ မပါမဖြစ်ထည့်ထားပေးလိုက်မယ်ဆိုရင်တော့ ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဈေးနှုန်းသက်သာစွာနဲ့ အဆိပ်အတောက်တွေကို ပြေစေနိုင်တဲ့ဖျော်ရည်

ရှောက်သီးကို ဈေးထဲမှာတင် ဈေးနှုန်းသက်သာစွာနဲ့ အလွယ်တကူဝယ်လို့ရနေတာကြောင့် Detox Water လုပ်ဖို့အတွက်လည်း အဆင်ပြေစေပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေစေဖို့အတွက် အသီးအနှံတွေနဲ့ပြုလုပ်ထားတဲ့ ရေကိုသောက်ပေးရင် ကိုယ်ခန္ဓာမှာရှိနေတဲ့ အဆိပ်အတောက်တွေကို လျော့နည်းသွားစေပြီး အသားအရေကိုလည်း ကြည်လင်ပြီးလှပလာစေပါတယ်နော်။  ရှောက်သီးနဲ့ Detox water လုပ်သောက်တော့မယ်ဆိုရင်တော့ ပျားရည်လေးပါရောပြီးထည့်ပေးရင် ပိုပြီးတော့ အကျိုးအာနိသင်ရှိစေပါတယ်။

ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်

သင်သောက်မယ့်ရေထဲကို ရှောက်သီးအစိတ်လေးတွေထည့်ပြီး သောက်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတာပေါ့။ ရာသီအပြောင်းအလဲမှာဖြစ်တတ်တဲ့ အအေးမိနှာစေးတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နေ့တိုင်းသောက်ပေးမယ်ဆိုရင် အသားအရေကိုကြည်လင်လာစေပြီး ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်

အစားစားတာများလွန်းပြီး အစာမကျေဖြစ်တဲ့အခါတွေမှာ ရေနွေးကြမ်းထဲကို ရှောက်သီးစိပ်ထည့်ပြီးသောက်ပေးမယ်ဆိုရင် အချိန်ခဏလေးအတွင်းမှာ သက်သာသွားစေနိုင်ပါတယ်။ အစာမကျေဖြစ်တတ်တဲ့သူတွေဆိုရင်လည်း အစားမစားခင်မှာ ရေနွေးကြမ်းထဲကို ရှောက်သီးစိတ်လေးထည့်ပြီးသောက်ပေးလို့ရပါတယ်နော်။

ကိုယ်အလေးချိန်လျော့နည်းစေပါတယ်

ရှောက်သီးမှာဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်စွာ ကိုယ်အလေးချိန်လျော့ချလို့ရပြီပေါ့။ ရှောက်သီးရည်ကို နေ့တိုင်းပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုသိသိသာသာလျော့နည်းလာစေပြီး လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်လာရစေမှာပဲဖြစ်ပါတယ်။

Photo Source : Pexels