ကော်ဖီကို လီမွန်နိတ်နဲ့ ရောစပ်ပြီး သောက်တယ်ဆိုတာ အထူးအဆန်းတော့ ဖြစ်မိနေပါတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုကောင်းတယ်ဆိုတာ သိလာမှာပါ။ ၀ိတ်ချဖို့ ကြိုးစားနေသူတွေ အတွက်ကတော့ အသင့်တော်ဆုံးပါပဲ။
နယူးယောက်ရဲ့ အချို့ စားသောက်ဆိုင်တွေမှာ ရနိုင်တဲ့ ဒီအရောအစပ် အတွဲလေးဟာ လူအများစုအတွက်ကတော့ အစိမ်းသက်သက်ပါပဲ။ အဆီကို ကျစေပြီး လန်းဆန်းစေနိုင်တဲ့ ဒီအတွဲလေးကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။
Source: Organically Becca
တစ်ခု သတိပြုရမှာကတော့ ကော်ဖီမှုန့်စစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီမျိုးကိုသာ တွဲပြီး သောက်သင့်ပါတယ်။ အသင့်ဖျော် ကော်ဖီတွေနဲ့တော့ တွဲသောက်ဖို့ အကြံမပြုလိုပါဘူး။ ကော်ဖီအေး ထဲကို လိမ္မော်ရည် အနည်းငယ်ထည့်ပြီး ဖျော်တာဟာ ထင်ထားတာထက် သောက်လို့ ကောင်းတဲ့ အကြောင်း ကျောင်းသား တစ်ယောက်က ပြောတဲ့ အတွက် ဘားမန်နေဂျာဟာ “Stand Coffee” ဆိုတဲ့ ဒီအတွဲလေးကို ဖန်တီးခဲ့တာလို့ သိရပါတယ်။
ပြုလုပ်ပုံကတော့
Source: Kraft Recipes
- ရေခဲအနည်းငယ် ယူပါ
- ကော်ဖီမှုန့် ၂၄ဂရမ်လောက်ကို ထည့်ပါ။
- ရေ ၆အောင်စ ပမာဏကို ခန့်မှန်းပြီး ထည့်ပါ။ ကော်ဖီဖျော်စက်ကနေ ကျလာတဲ့ ရေတွေကို ရေခဲထဲ တိုက်ရိုက်ထည့်ပါ။ စက်နဲ့မဖျော်ဘဲ လက်နဲ့ဖျော်ရင်တော့ ကော်ဖီအရင်ဖျော်ပြီးမှရေခဲထည့်ပါ။
- ခွက်တစ်ခွက်မှာ သကြားကို ရေနွေးနဲ့ ပျော်အောင် မွှေပါ
- ပြီးရင် Lemon Juice ကို ထည့်ပါ။ မွှေပြီးရင် ကော်ဖီအေးနဲ့ ရောပေးပါ။ ရေခဲအနည်းငယ် ထပ်ထည့်ပြီးရင်တော့ အရသာ ရှိတဲ့ Stand Coffee ရပါပြီ။