အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အကင်ကင်စားလေ့ရှိတဲ့သူတွေအတွက် အကင်လုပ်တဲ့အခါ မှားတတ်တဲ့ အမှားတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီလိုအမှားတွေ လုပ်မိရင် အခုပဲ ပြုပြင်လိုက်ပါနော်။ အရသာရှိတဲ့ အကင်ကို စားသုံးနိုင်ဖို့ ဘယ်လိုအမှားလေးတွေကို ရှောင်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

၁။ အသားတွေ အများကြီးထည့်ကင်ခြင်း

အကင်ကင်တဲ့အခါ အသားတွေကို တုတ်တစ်ချောင်းပေါ်မှာ စုပြုံထည့်ပြီး ကင်တာက အသားအားလုံးကို ကျက်စေမှာမဟုတ်ပါဘူး။ အသားတစ်ခုနဲ့ တစ်ခုကြားက အသားတွေက ကျက်ဖို့ခက်ခဲပါတယ်။ ဒါ့ကြောင့် အသားတွေကို ချဲပြီး ကင်ပေးပါ။

၂။ အသားတွေကို အရွယ်အစား တူညီစွာမတုံးခြင်း

အသားတွေကို တုံးတဲ့အခါ ကြီးတာကကြီးနေ၊ သေးတာက သေးနေမယ်ဆိုရင်တော့ အသားက ကောင်းကောင်းကျက်မှာမဟုတ်ပါဘူး။ ထူနေတဲ့အသားကို ကျက်အောင်ကင်ရင်လည်း ပါးတဲ့အသားက တူးသွားနိုင်ပါတယ်။

၃။ အသားကြားမှာ အသီးအရွက်ထည့်ကင်ခြင်း

အသားတွေကြားမှာ အသီးအရွက်ထည့်တာမျိုးလုပ်တတ်ပါတယ်။ ထူးဆန်းတဲ့ အကျင့်လေးပါပဲနော်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း အသားနဲ့ အရွက်တွေက ကျက်တဲ့ အချိန်ပေးရတာချင်းမတူညီပါဘူး။

၄။ မီးသွေးထဲကို ရေလောင်းချခြင်း

အဲဒီလိုအမူအကျင့်မျိုးမလုပ်ပါနဲ့။ မီးအရှိန်ပိုရဖို့ မီးသွေးကို လှည့်ပေးပါ။ အဲဒီလို ရေလောင်းချရင် မီးခိုးထွက်ပြီး အသားက တူးဆော်နံသွားမှာဖြစ်ပါတယ်။

၅။ မီးတောက်တွေနဲ့ မကင်ပါနဲ့

အသားကင်ကင်တဲ့အခါ သတိထားရမယ့် အမှားများ

အသားကင်တဲ့အခါ မီးတောက်ကြီးနဲ့ မကင်ပါနဲ့။ မီးသွေးနဲ့ပဲ ကင်ပေးပါ။ မီးသွေးအပူကပဲ အသားကို ဖြည်းဖြည်းချင်း ကျက်စေမှာပါ။

Source: www.brightside.me

By: MyFood Myanmar