[Unicode]

မြန်မာတွေရဲ့ မီးဖိုထဲမှာ ကြက်သွန် မရှိတဲ့ အိမ်ဆိုတာ ရှားပါတယ်။ မြန်မာတင်မက အာရှနိုင်ငံတွေမှာလည်း ကြက်သွန်ကို စားကြပါတယ်။ ကြက်သွန်လို့ ဆိုတာနဲ့ ကြက်သွန်နီနဲ့  ကြက်သွန်ဖြူတို့ကို ပြောတာပါ။ ဟင်းလျာတိုင်းမှာ ထည့်သလို ဆေးအဖြစ်လည်း သုံးကြပါတယ်။

ကြက်သွန်ကို ဟိုးအရင် ရှေးကျတဲ့ ခေတ်တွေကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။ မူလပေါက်ရောက်ရာ ဒေသကတော့ အာရှတိုက် အလယ်ပိုင်းဒေသ ဖြစ်တယ်လို့ အချို့က ခန့်မှန်းကြပြီး အချို့ကလည်း အာရှတိုက် အနောက်ပိုင်းလို့ ပြောကြပါတယ်။ ကြက်သွန်ကို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ စိုက်ပျိုးကြပါတယ်။

Onion-Row1onion

ကြက်သွန်နီရဲ့ အာနိသင်ကတော့ ချို၊ စပ်၊ ပူ သုံးမျးုါ်ကို ပေးစွမ်းနိုင်ပါတယ်။ ကြက်သွန်နီမှာ Antioxidant ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်ပါတယ်။ ကြက်သွန်နီကို စားရင် ခံတွင်းအနံ့ဆိုးတဲ့ အချက်ရှိပေမယ့် ကျန်းမာရေးစွမ်းပကားတွေတော့ အများကြီး ရှိပါတယ်။ ခံတွင်းကျန်းမာရေးကို ကောင်းစေစေပါတယ်။ အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘတ်တီးရီးယားနဲ့ အခြားပိုးတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ လှီးတဲ့ အခါ မျက်ရည်ကျစေတာနိုင်ပေမယ့် နာမကျန်းမှုကို တားဆီးပေးနိုင်ပါတယ်။ ကြက်သွန်နီဟာ သွေးခဲဖြစ်ပေါ်မှု မဖြစ်အောင် ကူညီပေးတဲ့ အတွက် နှလုံးသွေးကြောကို ကျန်းမာစေနိုင်ပါတယ်။ သွေးကြောတွင်း သကြားဓာတ်တွေကို ထိန်းပေးနိုင်ပြီး နှာခေါင်းပိတ်နဲ့ နားကိုက်ခြင်းတို့ကို သက်သာစေပါတယ်။ ဆေးလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အတွက်လည်း အကူအညီဖြစ်စေပါတယ်။

garlic1

ကြက်သွန်ဖြူကတော့ နှစ်ပေါင်း ၆၀၀၀ ဝန်းကျင်က စတင် စိုက်ပျိုးခဲ့ပြီး အာရှတိုက် အလယ်ပိုင်းမှာ ပေါက်ရောက်ခဲ့ပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင် ဖြစ်နေပါပြီ။ ဆေးဖက်ဝင်အပင်အဖြစ် အီဂျစ်တွေ စတင် သုံးစွဲခဲ့တာ ဖြစ်ပြီး မြန်မာမှာလည်း ယခုတိုင်အောင် ဆေးဝါးအဖြစ် သုံးစွဲကြပါတယ်။

ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဆယ်လီနီယမ်၊ မန်ဂနိ၊ Ajoene ဒြပ်ပေါင်းနဲ့ အခြား ဆာလဖာ ပါဝင်သော ဒြပ်ပေါင်းများ၊ သံဓာတ်၊ Antioxidant တို့ ပါဝင်ပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားပေးရင် မကောင်းတဲ့ ကိုလက်စထရောတွေ လျှော့ချပေးပါတယ်။ သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးပြီး သွေးတိုးရောဂါကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို ပျားရည်နဲ့ စားပေးရင် ကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ သံဓာတ်ဖြစ်ပေါ်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံအားကို တိုးစေပါတယ်။ ကြက်သွန်ဖြူစားရင် ခံတွင်းအနံ့ဟာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့် နွားနို့ သောက်လိုက်ရင် ပျောက်ကင်းသွားမှာပါ။

[Zawgyi]

ျမန္မာေတြရဲ႕ မီးဖိုထဲမွာ ၾကက္သြန္ မရွိတဲ့ အိမ္ဆိုတာ ရွားပါတယ္။ ျမန္မာတင္မက အာရွႏုိင္ငံေတြမွာလည္း ၾကက္သြန္ကို စားၾကပါတယ္။ ၾကက္သြန္လို႔ ဆိုတာနဲ႔ ၾကက္သြန္နီနဲ႔  ၾကက္သြန္ျဖဴတို႔ကို ေျပာတာပါ။ ဟင္းလ်ာတိုင္းမွာ ထည့္သလို ေဆးအျဖစ္လည္း သံုးၾကပါတယ္။

ၾကက္သြန္ကို ဟိုးအရင္ ေရွးက်တ့ဲ ေခတ္ေတြကတည္းက စိုက္ပ်ိဳးခဲ့ၾကပါတယ္။ မူလေပါက္ေရာက္ရာ ေဒသကေတာ့ အာရွတိုက္ အလယ္ပိုင္းေဒသ ျဖစ္တယ္လို႔ အခ်ို႕က ခန္႔မွန္းၾကၿပီး အခ်ိဳ႕ကလည္း အာရွတုိက္ အေနာက္ပိုင္းလုိ႔ ေျပာၾကပါတယ္။ ၾကက္သြန္ကို ပူအိုက္စိုစြတ္တဲ့ ရာသီဥတုမွာ စိုက္ပ်ိဳးၾကပါတယ္။

Onion-Row1onion

ၾကက္သြန္နီရဲ႕ အာနိသင္ကေတာ့ ခ်ိဳ၊ စပ္၊ ပူ သံုးမ်းဳၚကို ေပးစြမ္းႏုိင္ပါတယ္။ ၾကက္သြန္နီမွာ Antioxidant ၊ ကယ္လ္ဆီယမ္၊ မဂၢနီဆီယမ္၊ ဆိုဒီယမ္နဲ႔ ပိုတက္စီယမ္တုိ႔ ပါ၀င္ပါတယ္။ ၾကက္သြန္နီကို စားရင္ ခံတြင္းအနံ႔ဆိုးတဲ့ အခ်က္ရွိေပမယ့္ က်န္းမာေရးစြမ္းပကားေတြေတာ့ အမ်ားႀကီး ရွိပါတယ္။ ခံတြင္းက်န္းမာေရးကို ေကာင္းေစေစပါတယ္။ အူမႀကီး ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ ဘတ္တီးရီးယားနဲ႔ အျခားပိုးေတြကို ေသေစႏုိင္တဲ့ ဓာတ္ေတြ ပါ၀င္ပါတယ္။ လွီးတဲ့ အခါ မ်က္ရည္က်ေစတာႏိုင္ေပမယ့္ နာမက်န္းမႈကို တားဆီးေပးႏုိင္ပါတယ္။ ၾကက္သြန္နီဟာ ေသြးခဲျဖစ္ေပၚမႈ မျဖစ္ေအာင္ ကူညီေပးတဲ့ အတြက္ ႏွလံုးေသြးေၾကာကို က်န္းမာေစႏုိင္ပါတယ္။ ေသြးေၾကာတြင္း သၾကားဓာတ္ေတြကို ထိန္းေပးႏုိင္ၿပီး ႏွာေခါင္းပိတ္နဲ႔ နားကိုက္ျခင္းတို႔ကို သက္သာေစပါတယ္။ ေဆးလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ အတြက္လည္း အကူအညီျဖစ္ေစပါတယ္။

garlic1

ၾကက္သြန္ျဖဴကေတာ့ ႏွစ္ေပါင္း ၆၀၀၀ ၀န္းက်င္က စတင္ စိုက္ပိ်ဳးခဲ့ၿပီး အာရွတိုက္ အလယ္ပိုင္းမွာ ေပါက္ေရာက္ခဲ့ပါတယ္။ အခုဆိုရင္ တစ္ကမာၻလံုးသံုးတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ ျဖစ္ေနပါၿပီ။ ေဆးဖက္၀င္အပင္အျဖစ္ အီဂ်စ္ေတြ စတင္ သံုးစြဲခဲ့တာ ျဖစ္ၿပီး ျမန္မာမွာလည္း ယခုတိုင္ေအာင္ ေဆး၀ါးအျဖစ္ သံုးစြဲၾကပါတယ္။

ၾကက္သြန္ျဖဴမွာ ဗီတာမင္စီ၊ ဆယ္လီနီယမ္၊ မန္ဂနိ၊ Ajoene ျဒပ္ေပါင္းနဲ႔ အျခား ဆာလဖာ ပါဝင္ေသာ ျဒပ္ေပါင္းမ်ား၊ သံဓာတ္၊ Antioxidant တို႔ ပါ၀င္ပါတယ္။ ၾကက္သြန္ျဖဴကို ပံုမွန္စားေပးရင္ မေကာင္းတဲ့ ကိုလက္စထေရာေတြ ေလွ်ာ့ခ်ေပးပါတယ္။ ေသြးေၾကာပိတ္ဆို႔မႈကို ကာကြယ္ေပးၿပီး ေသြးတိုးေရာဂါကိုလည္း ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။ ၾကက္သြန္ျဖဴကို ပ်ားရည္နဲ႔ စားေပးရင္ ကင္ဆာျဖစ္ပြားမႈႏႈန္းကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ သံဓာတ္ျဖစ္ေပၚမႈကို ေကာင္းမြန္ေစၿပီး ကိုယ္ခံအားကို တိုးေစပါတယ္။ ၾကက္သြန္ျဖဴစားရင္ ခံတြင္းအနံ႔ဟာ ေတာ္ေတာ္ဆိုးပါတယ္။ ဒါေပမယ့္ ႏြားႏို႔ ေသာက္လိုက္ရင္ ေပ်ာက္ကင္းသြားမွာပါ။