အီတလီလူမျိုး ပင်လယ်ခရီးသွား ကိုလန်ဘတ် (Christopher Columbus) က နတ်ဖန်တဲ့အသီးလို့ ချီးမွမ်း ခေါ်ဝေါ်ခဲ့ဘူးပါတယ်။ အရသာရှိလွန်းလို့ ခေါ်ခဲ့တာဖြစ်ပါလိမ့်မယ်။ အာဟာရတန်ဖိုးကိုတော့ သိခဲ့မယ်မထင်ပါဘူး။ သင်္ဘောသီးဟာ ဗီတာမင်စီ အလွန်ကြွယ်ဝပြီး ၊ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပေးပါတယ်။

1. ကိုလက်စထရောကို ကျစေပါတယ် ( Lowers cholesterol )

ဖိုင်ဘာ ၊ ဗီတာမင် စီ ၊ အင်တီအောက်ဆီဒင့်တွေ က ကိုလက်စထရောတွေ စုပုံမလာအောင် ကာကွယ်ခြင်းဖြင့် နှလုံးရောဂါ ၊ သွေးတိုးရောဂါကို ကာကွယ်ပေးပါတယ်။

2. ၀ိတ်ကျအောင် ကူညီပါတယ် ( Helps in weight loss )

ဖိုင်ဘာကြွယ်ဝပြီး ကယ်လိုရီ အလွန်နည်းပါတယ်။ ဗိုက်ပြည့်စေပါတယ်။ အူလှုပ်ရှားမှု ကောင်းစေပါတယ်။ ၀ိတ်ချရာမှာ စားရမယ့် အသီးဖြစ်ပါတယ်။

3. ကိုယ်ခံအား ကောင်းစေပါတယ် ( Boosts your immunity )

သင်္ဘောသီးတလုံးမှာ တနေ့ တာလိုအပ်တဲ့ ဗီတာမင်စီ ပမာဏထက် ၂၀၀ % ပိုပါဝင်နေတာကြောင့် ကိုယ်ခံအားစံနစ်ကို အားကောင်းစေပြီး ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးပါတယ်။

Papaya

4. ဆီးချိုရောဂါသည် အတွက် ကောင်းပါတယ် ( Good for diabetics )

အလွန်ချိုသော်လည်း သကြားဓါတ်နည်းပါးပါတယ်။ ဆီချိုမဖြစ်စေဘဲ အချိုစားချင်သူများ၊ သင်္ဘောသီးကို အားပြုစားသုံးနိုင်ပါတယ်။

5. မျက်လုံးများအတွက် ကောင်းပါတယ် ( Great for your eyes )

ဗီတာမင်အေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အမြင်အာရုံ ချို့ယွင်းမှုကို ကောင်းစွာကာကွယ်ပေးပါတယ်။

6. အဆစ်အမြစ် ရောင်ရမ်းခြင်းကို ကာကွယ်ပါတယ် ( Protects against arthritis )

ဗီတာမင်စီရဲ့ ကျေးဇူးကြောင့် အရိုးအဆစ်များ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ စားသုံးမှု နည်းပါးသူတွေမှာ အဆစ်ရောင်ရောဂါ ( Rheumatic Diseases ) ၃ဆ ပိုဖြစ်တယ်လို့တွေ့ ရှိထားပါတယ်။

7. အစာကြေစေပါတယ် ( Improves digestion )

သင်္ဘောသီးမှာ အစာချေအင်ဇိုင်း ပက်ပိန်း ( papain )ပါဝင်ပါတယ်။ သင်္ဘောသီး နေ့ စဉ်ပုံမှန် စားသုံးပါက အဆီအဆိမ့်များ အလွန်အကျွံ စားမိလျှင်ပင် မစာမကြေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

8. ဓမ္မတာလာစဉ် နာကျင်ခြင်းကို သက်သာစေပါတယ် (Helps ease menstrual pain)

ပက်ပိန်းအင်ဇိုင်းဓါတ်က ဓမ္မတာနာကျင်ခြင်းကို လျော့ပါးစေသဖြင့် ဓမ္မတာချိန် နာကျင်ကိုက်ခဲတတ်သူ အမျိုးသမီးများ သင်္ဘာသီးကို မှန်မှန်စားသုံးသင့်ပါတယ်။

Papaya

9. ရင့်ရော်သည့် လက္ခဏာများ ကို တားဆီးပေးပါတယ် (Prevents signs of ageing)

ဗီတာမင် စီ ၊ အီး ၊ ဘီတာကာရိုတင်း အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ သင်္ဘောသီး နေ့ စဉ်စားသုံးသူဟာ ရှိရင်စွဲအသက်ထက် ၅နှစ်မက ပိုနုပျိုနေနိုင်ပါတယ်။

10. ကင်ဆာ ကာကွယ်ပေးပါတယ် ( Prevents cancer )

အင်တီအောက်ဆီဒင့် ( antioxidants ) ၊ ဖိုင်တိုနူးထြီရင့် ( phytonutrients ) ၊ ဖလေဗင်နွိုက် ( flavonoids ) ဓါတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆဲလ်များ ဓါတ်တိုး ပျက်စီးခြင်းကို ကာကွယ်ပေးသဖြင့် အူမကြီးကင်ဆာ ၊ ဆီးကြိတ်ကင်ဆာ များကို ကာကွယ်ပေးပါတယ်။

11. ဖိစီးမှုများ လျော့ပါးစေပါတယ် ( Helps reduce stress )

တနေ့ လုံး ပင်ပမ်းစွာ အလုပ်လုပ်ခဲ့ပြီး ညနေခါ သင်္ဘောသီး တပန်းကန်လောက် စားလိုက်ရလျှင် နွမ်းနယ်မှုများ ပျောက်ကွယ်သွားစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝမှုကြောင့် ဖိစီးမှုများ လျော့ပါးစေကြောင်း အလာဘားမား တက္ကသိုလ် လေ့လာမှုတခုက ဖေါ်ထုတ်ခဲ့ပါတယ်။

သင်္ဘောသီးမှည့်ရော သင်္ဘောသီးစိမ်းရော အာဟာရ တန်ဖိုး အတူတူဖြစ်ပါတယ်။ အစိမ်းမှာ ပိုတက်ဆီယမ် ၊ ပက်ပိန်းအင်ဇိုင်း နဲ့ အစေး ပို ပါဝင်ပါတယ်။ အစေးက ဓါတ်မတည့်မှု ဖြစ်တတ်ပါတယ်။ သင်္ဘောသီးမှည့် ပုံမှန်စားရင် အကျိုးရှိနိုင်သလို ၊ ယိုးဒယားသင်္ဘောသီးထောင်း စားရင်လည်း အကျိုးရှိကြောင်းပါ။

ကျန်းမာချမ်းသာကြပါစေ

Credit: ဒေါက်တာမြင့်သိန်း