အာလူးမှာပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ကျန်းမာရေးအတွက် သိပ်ကို အဖိုးထိုက်တန်လှပါတယ်။ အစာအိမ်ရောင်တာတွေမဖြစ်စေဖို့ အစာ မစားခင် မိနစ် ၃၀ အလိုမှာ တစ်ဇွန်းလောက် သောက်ပေးသင့်ပါတယ်။
အစာအိမ်နာတာအတွက်ဆိုရင်တော့ အစာ မစားခင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် သောက်ပေးသင့်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေရဲ့ပြောကြားချက်အရ အာထူးဖျော်ရည်ဟာ သွေးတွင်းဂလူးကို့စ်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ပြီး အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။
ဒီကနေ့ခေတ် အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါကို ကုသရာမှာလည်း အာလူးဖျော်ရည်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပါတယ်။
ဒါ့အပြင် ဆီးချိုကို ထိန်းညှိပေးနိုင်ပြီး ဒူလာနဲ့ သွေးတိုးရောဂါရှိသူတွေအတွက်လည်း ကောင်းမွန်ပါတယ်။
မနက်စာမစားခင် အာလူးဖျော်ရည်တစ်ခွက်သောက်တာဟာ ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ညအိပ်ယာမဝင်ခင် ၃ နာရီလောက် ကြိုပြီးသောက်သုံးတာဟာလည်း ကိုယ်အလေးချိန်ကျစေပါတယ်။
အာလူးဖျော်ရည်ပြုလုပ်နည်း
အာလူး ၁ လုံး
ပြုလုပ်နည်း
အာလူးကိုရေသေချာဆေးပြီး အာလူးမှာပါတဲ့ မကောင်းတဲ့အပိုင်းကိုလှီးထုတ်လိုက်ပါ။
ပြီးရင် အတုံးလိုက်လှီးလိုက်ပါ။ ပြီးရင် အာလူးကိုကြိတ်ပြီး အရည်ညစ်ထုတ်ပါ။ အရည်ထွက်လာပြီဆိုရင်သောက်လို့ရပါပြီ။
ဒီလိုဆိုရင်အရသာက သိပ်ပြီးကောင်းမှာမဟုတ်ဘူးဆိုတော့ ငှက်ပျောသီး ၊ မုန်လာဥနီ ၊ ပျားရည် ဒါမှမဟုတ် တခြားအသီးအနှံတွေ ရောပြီး ဖျော်နိုင်ပါတယ်နော်။
အာလူးကို အစိမ်းလိုက်ဒီအတိုင်းစားတာဟာ အဟာရဓါတ်ပိုမိုကြွယ်ဝစေပါတယ်။ အာလူးမှာပါဝင်တဲ့ပလိုတင်းဓါတ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင် B6၊ C စတဲ့ သတ္တုဓါတ်တွေကိုလည်းရရှိစေပါတယ်။
အာလူးမှာပါတဲ့ဗီတာမင် C ဟာ အသားအရေအတွက်အထူးကောင်းမွန်ပြီး ဝက်ခြံဖြစ်စေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အာလူးကိုကြိတ်လိုက်ပြီး ရလာတဲ့အဖတ်တွေကို မျက်နှာပေါ်မှာလိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်ထားပြီး မျက်နှာသစ်လိုက်ပါ။