အာလူးဝေဖာလို့ နာမည်လှလှလေး ပေးတဲ့ အာလူးကြော်ကို အချို့ကလည်း ဇကာကွက်ကြော်လို့လည်း ခေါ်ပါတယ်။ မနက်ဖြန် ပိတ်ရက်မှာ ကလေးတွေကို လုပ်ကျွေးတာဖြစ်ဖြစ် ကိုယ်တိုင် ရေနွေးကြမ်းနဲ့ စားတာ ဖြစ်ဖြစ် အလွယ်တကူ ကြော်စားကြရအောင်နော်။
လိုအပ်သော ပစ္စည်း
၁။ အာလူး ၄လုံး
၂။ ဆီ
၃။ ဆား
၄။ အရသာမှုန့်
၅။ ဆီစစ်စက္ကူ
ပြုလုပ်ပုံ
၁။ အာလူးကို အခွံနွှာပြီး ဇကာကွက်လေးတွေ ရအောင် ဇကာခြစ်နဲ့ လှီးပါ။
၂။ အာလူးကို ဆားနဲ့ နယ်ပါ။ အရသာမှုန့်ကတော့ လိုသလောက်ထည့်ပါ။
၃။ မီးဖိုပေါ် တင်ပြီး ဆီဆူရင် အာလူးတွေကို နည်းနည်းဆီ ထည့်ပြီး ကြော်ပါ။ အကြွပ်ကြော်မှာဖြစ်လို့ ဖြည်းဖြည်းချင်းကြော်ပါ။
၄။ အာလူးတွေ ရွှေအိုရောင် သန်းလာရင်တော့ ဆယ်ပြီး ဆီစစ်ပါ။ ဇကာထဲ ထည့်စစ်လည်း ရပါတယ်။ ဆီစစ်စက္ကူပေါ်မှာလည်း စစ်လို့ ရပါတယ်။
၅။ ဆီတွေ အစ်နေရင် စားလို့ မကောင်းပါဘူး။ အာလူးတွေ ဆီအတော်စစ်သွားပြီဆိုရင်တော့ သုံးဆောင်လို့ ရပါပြီ။
Credit: Boldsky