ပဲပင်ပေါက်တွေမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပြီး ဈေးလည်းမကြီးပါဘူး။

အင်ဇိုင်းတွေအများကြီးပါဝင်

ပဲပင်ပေါက်မှာ တခြား မချက်ပြုတ်ရသေးတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထက် အကြိမ် ၁၀၀ ကျော်လောက် အင်ဇိုင်းတွေပါဝင်မှုများပါတယ်။ အင်ဇိုင်းတွေက ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေ ချောမွေ့စေဖို့ကူညီပေးပါတယ်။ ကိုယ်စားလိုက်တဲ့ အစားအစာတွေထဲမှ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်ဆစ်၊ Fatty အက်ဆစ်တွေကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

ကင်ဆာကာကွယ်ပေးမယ့် ပဲပင်ပေါက်နဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ပဲတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်ထက်ပိုများ

ပဲပင်ပါက်မှာ ပဲတွေမှာပါဝင်တဲ့ အာဟာရဓာတ်နဲ့ပရိုတင်းဓာတ်တွေပိုများများပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ Lysine က အအေးဒဏ်တွေကိုပိုခံနိုင်စေပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများ

အမျှင်ဓာတ်က ခန္ဓာကိုယ်အလေးချိန် လျော့ကျဖို့အတွက်အရေးပါပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆီတွေကို အလျင်အမြန်လောင်ကျွမ်းပေးပါတယ်။ အဆီဓာတ်တွေကို အစာအိမ်နဲ့ အူလမ်းကြောင်းတွေမှာ အနည်မထိုင်စေဘဲ အလျင်အမြန်လောင်ကျွမ်းအောင်ကူညီပေးပါတယ်။

ဗီတာမင်ဓာတ်ပါဝင်မှုများ

ဗီတာမင် A၊ B၊ Complex C နဲ့ E တို့ပါဝင်မှုများပါတယ်။ ဒီဗီတာမင်ဓာတ်တွေက ပဲစေ့ထက် အပင်ပေါက်လာတဲ့ ပဲပင်ပေါက်မှာ ပါဝင်မှုပိုများပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ Fatty အက်ဆစ်တွေအများကြီးပါဝင်

ပဲပင်ပေါက်မှာ အဆီကိုလောင်ကျွမ်းစေတဲ့ Essential Fatty အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အများအားဖြင့် တခြား အစားအသောက်တွေမှာ Essential Fatty အက်ဆစ်တွေအများကြီးပါဝင်နေပါတယ်။

အယ်ကာလိုင်းဓာတ်ပါဝင်

ကင်ဆာရောဂါလိုမျိုး ရောဂါအများစုမှာ ခန္ဓာကိုယ်ထဲမှာအက်ဆစ်ဓာတ်ပါဝင်မှုများတာကြောင့် ဖြစ်ရတာပါ။ ဒါ့ကြောင့် အယ်ကာလိုင်းဓာတ်ပါဝင်မှုများတဲ့ ပဲပင်ပေါက်ကို စားပေးသင့်ပါတယ်။

အားအင်ဖြစ်စေ

ပဲ အမျိုးမျိုး နဲ့ ပဲပင်ပေါက်တို့မှာ ခန္ဓာကိုယ်ကို အားဖြစ်စေတဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။