တခါတလေ ဟင်းလျာ ချက်ပြုတ်ပုံကို နည်းနည်းလေးပြောင်းလိုက်ရုံနဲ့ အရသာကို ထူးထူးခြားခြား ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဒါကြောင့် ဟင်းလျာ အရသာ ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။
• ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အရင်ဆုံး မပြင်ဆင်ထားပါနဲ့

s5syvqscfykr6tdcnjg1
ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့မှာ အနံ့အရသာတို့က ပြင်းရှတာကြောင့် ကြိုတင်လှီးချွတ်ထားရင် ရိသွားပြီး မကောင်းတော့ပါဘူး။ ဒါကြောင့် အိုးထဲထည့်ခါနီးမှ လှီးချွတ်ပြီး ထည့်တာက အကောင်းဆုံးပါဘဲ။

ဒါမှမဟုတ်ဘဲ ပါးပါးလှီးထားတဲ့ တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို မုန့်ဖုတ်ဆိုဒါနဲ့ ရေ ရောပြီး (မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ဇွန်းကို ရေတစ်ခွက်နဲ့ရော) စိမ်ထားလို့ရပါတယ်။ ဒါဆိုပိုပြီး ကြာရှည်ခံပါတယ်။

ပြီးမှ ရေစင်အောင် ပြန်ဆေးပြီး ဟင်းလျာထဲထည့်ချက်လို့ရပါတယ်။
• ခရမ်းချဉ်သီး အစေ့တွေ မထုတ်ပါနဲ့

qtjobu94ygpxwnqneu00
ခရမ်းချဉ်သီးရဲ့ အစေ့မှာ အရသာတွေ အများကြီးပါဝင်နေပါတယ်။ ဒါကြောင့် မလိုဘဲနဲ့ ခရမ်းချဉ်သီးရဲ့ အစေ့ကို မထုတ်ပါနဲ့။
• ဒယ်အိုးပူမှ အစားအစာတွေထည့်ပါ

utlaxjdgxrz4w9szohqm
ဒယ်အိုးထဲကို အစားအစာထည့်လိုက်ရင် ဒယ်အိုးရဲ့ အပူချိန်က ချက်ခြင်းလျော့သွားတတ်ပါတယ်။ ဒါကြောင့် အစားအစာတွေ မြန်မြန်ကျက်ပြီး အရသာရှိဖို့ဆိုရင် အိုးပူအောင်လုပ်ပြီးမှ အစားအစာတွေထည့်ပါ။

ပရိုတင်းဓာတ်ပါတဲ့ အသားတွေကို ချက်ပြုတ်ရင် ဆီမှာ အငွေ့နည်းနည်းထွက်လာမှ အသားတွေကိုထည့်ပေးပါ။
• ဟင်းလျာကို မွှေးပျံ့စေဖို့

jh0tjokxgqwrbuy872hg

ဟင်းလျာတွေကို မွှေးပျံ့ စေဖို့ဆိုရင် ဆီသတ်တဲ့အခါမှာ ကြက်သွန်ဖြူ နဲ့ ဂျင်းတို့ကို အသုံးပြုပေးပါ။ အဲ့ဒီအပြင် ပင်စိမ်း၊ စမုန်ဖြူတို့ကို ဟင်းရည်ချက်တဲ့နေရာမှာ သုံးပေးရင် ဟင်းရည်လေးတွေက မွှေးပျံ့ စူးရှနေမှာဖြစ်ပါတယ်။
နံနံပင် တို့ ပူစီနံတို့လို အရွက်တွေကိုတော့ မီးဖိုပေါ်ကချ ခါနီးမှာ ထည့်ရင် ဟင်းလျာအရသာ ပိုကောင်းစေပါတယ်။

ခနောကြက်သားမှုန့်

Knorr Pico KV
အဲ့ဒီအပြင် ဟင်းလျာတွေရဲ့ အနံ့အရသာကို ပိုထူးကဲအောင် ခနော ကြက်သားမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။
ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်ပြီး အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ခနောကြက်သားမှုန့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၉နှစ်၊ ၁၈၃၈ ခုနှစ်က Carl Heinrich Knorr က ဂျာမနီနိုင်ငံ မှာတည်ထောင်ခဲ့တာဖြစ်ပြီး အသီးအရွက် အခြောက်တွေ၊ ဆေးဘက်ဝင် အရွက်တွေကနေ အရသာရှိပြီး အာဟာရရှိမယ့် ဟင်းခတ်အမွှေးအကြိုင်တွေကို တီထွင်ခဲ့တာပါ။
အခုအထိလည်း ခနောရဲ့ ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေကလည်း နေ့စဉ် အရသာအသစ်တွေကို သုတေသနပြုလုပ် ဖော်ထုတ်လျက်ရှိပါတယ်။
ဒီနေ့ခေတ်မှာ ခနောကြက်သားမှုန့်ကို နိုင်ငံပေါင်း ၈၇ နိုင်ငံက ၀ယ်ယူသုံးစွဲနေကြပြီး နေ့တိုင်းနီးပါး လူပေါင်း သန်း ၃၂၀လောက်က ခနောကြက်သားမှုန့်ကို စားသုံးနေကြပါတယ်။