တတိယအကြိမ်မြောက် စင်ကာပူပွဲတော်ကြီးကို ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် သောကြာနေ့မှ ဒီဇင်ဘာလ ၂ ရက် တနင်္ဂနွေနေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အစားအသောက်၊ မြို့ပြဒီဇိုင်းနှင့် အနုပညာလက်ရာများ၊ ဂီတ နှင့် ရုပ်ရှင် စသည်တို့မှတစ်ဆင့် စင်ကာပူနိုင်ငံ၏ယဉ်ကျေးမှုကို ရန်ကုန်မြို့သူမြို့သားများ သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board) က ကြီးမှူးကာ အဆိုပါပွဲတော်ကြီးကို ကျင်းပရခြင်းဖြစ်ပါသည်။

သုံးရက်ကြာကျင်းပမည့် ဤပွဲတော်၏ အဓိကကဏ္ဍတွင် ဧည့်သည်တော်များ မြင်ဖူးနေကြမဟုတ်သော စိတ်လှုပ်ရှားဖွယ် တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုများ၊နည်းပညာသုံးအင်တာအက်တစ်အနုပညာအခင်းအကျင်းများ၊ဆန်းသစ်သော အစားအစာတွဲဖက်မှုများကို တင်ဆက်ခင်းကျင်းရောင်းချသွားမည်ဖြစ်ပါသည်။ မိသားစုများ အနေဖြင့်လည်း အများပိုင်နေရာအလှဆင်ရေးနှင့် မြို့ပြပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဖြစ်သည့် Doh Eain က တာဝန်ယူပြုလုပ်ထားသည့် သမိုင်းဝင်အမွေအနှစ်များကို အခြေခံထားသော ဂိမ်းများနှင့် အနာဂတ်ပုံဖော်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ဒီဇင်ဘာလ တစ်လလုံးတွင်လည်း Singapore Tourism Board ၏ မိတ်ဖက်အခမ်းအနားများဖြစ်သည့် ရုပ်ရှင်ပြသခြင်း အစားအသောက်ရောင်းချခြင်းနှင့် အနုပညာလက်ရာများ ခင်းကျင်းပြသခြင်း များကို ပွဲလာပရိသတ်များ စောင့်မျှော်ပါဝင်နိုင်မည်ဖြစ်ပါသည်။

စင်ကာပူ မြန်မာ ရိုးရာနှင့်ခေတ်ပေါ်အစားအစာများ

ပွဲတော်၏ အဓိကကဏ္ဍတွင် စားသောက်ဆိုင်တန်းငယ် ဆိုင်နှစ်ဆယ်ခန့် ဖွင့်လှစ်ပြီး တစ်မူထူးခြားသော စင်ကာပူအစားအစာလက်ရာများနှင့်အတူ ရင်းနှီးပြီးသားမြန်မာအစားအစားများကို အလျှံပယ်ရွေးချယ်ဝယ်ယူ သုံးဆောင်နိုင်မည်ဖြစ်ပါသည်။ စင်ကာပူ၏ နှစ်ပတ်လည်ပွဲတော်ဖြစ်သည့် ပြားငါးဆယ်ပွဲတော် “50 Cents Fest” ကိုအခြေခံပြီး ယခု ပွဲတော်တွင် ငါးရာကျပ်တန်မုန့်ဈေးတန်း မှတစ်ဆင့် ပွဲလာသူဧည့်သည်အပေါင်းက အမျိုးစုံလင်လှသည့် စင်ကာပူနှင့် မြန်မာ ရိုးရာနှင့်ခေတ်ပေါ် Street food အစားအစာများကို တစ်ပွဲငါးရာကျပ်ဖြင့် ၀ယ်ယူ မြည်းစမ်းခွင့်ရရှိမည်ဖြစ်ပါသည်။

မြန်မာနှင့် စင်ကာပူ ကြားက အစားအသောက်ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများကို ထင်ဟပ်ပြသရန် နှင့် ဒေသထွက်စားစရာများနှင့်ဆင်တူသော နာမည်ကြီး စင်ကာပူဟင်းလျာများကို မြန်မာအစားအစာခုံမင်သူများ မြည်းစမ်းကြည့်နိုင်ရန် အားပေးလိုသည့် ရည်ရွယ်ချက်နှင့်အတူ စင်ကာပူအစားအစာရောင်းချသူများကို ရန်ကုန်ထိပ်တန်း စားဖွယ်ရောင်းချသူများနှင့် တွဲဖက်ပေးထားပါသည်။

ပွဲတော်လာဧည်သည့်များအနေဖြင့် ယှဉ်တွဲထားသည့်အစားအသောက်ဖန်တီးမှုလက်ရာများကို မြည်းစမ်း နှိုင်းယှဉ်ကြည့်နိုင်ရုံတင်မကဘဲ စားဖိုမှူး Chan Hong Meng ကဲ့သို့ စားဖိုးမှူးတစ်ယောက်ချင်းစီ၏ ဘဝဇာတ်ကြောင်းများကိုပါ သိခွင့်ရရှိမည်ဖြစ်ပါသည်။ စားဖိုမှူး Chan Hong Meng သည် စင်ကာပူတရုတ်တန်းရှိ ကြက်ဆီထမင်းဆိုင်ပိုင်ရှင်ဖြစ်ပြီး သူ၏ ပဲပိစပ်အနှစ်ဖြင့်ပြုလုပ်ထားသော ကြက်ဆီထမင်း ဖြင့် ကမ္ဘာပေါ်တွင် စားသောက်ဆိုင်တန်းများကတစ်ဆင့် Michelin Star ဆုရခဲ့သည့် ပထမဆုံးဈေးဆိုင်များစာရင်းတွင်ပါဝင်ခဲ့သည်။

အနုပညာမှတစ်ဆင့် ၀ါသနာကွန့်မြူးစေခြင်း

အနုပညာကိုစိတ်ဝင်စားသူများအနေဖြင့် Chan+Hori ခေတ်ပေါ်ပန်းချီပြတိုက်၏ ပြတိုက်တာဝန်ခံ နှင့် ပါတနာ Mr.Khairuddin Hori ကိုယ်တိုင်ကြီးမှူးသည့် စင်ကာပူ ခေတ်ပေါ်ပန်းချီပညာရှင်ခုနစ်ဦး၏ လက်ရာများကို အသားပေးထားသည့် ပန်းချီနှင့် Augmented Reality ( AR) နည်းပညာကို ပေါင်းစပ်တင်ဆက်ထားသည့် Atypical Singapore ကို လာရောက်ရှုစားနိုင်မည်ဖြစ်ပါသည်။ဘိုကလေးဈေးလမ်းတစ်လျှောက်နေရာချထားသည့် ခင်းကျင်း ပြသထားမှုများတွင် AR နည်းပညာကို ပူးတွဲပြသ မည်ဖြစ်ပြီးပွဲလာပရိသတ်များအနေဖြင့် မကြုံစဖူးဘက်စုံအာရုံခံသရုပ်ဖော်တင်ဆက်မှုကတစ်ဆင့် မတူညီတဲ့အနုပညာခံစားမှုရသကို ရရှိနိုင်မည်ဖြစ်ပါသည်။

အနုပညာရှင်များ၊ ဂီတပညာရှင်များနှင့် ဖျော်ဖြေသူများကလည်း ဘိုကလေးဈေးကို ရန်ကုန်သားများ အနုပညာရှုထောင့်အသစ်ကိုရှာဖွေခွင့်ရရှိစေမည့် ထူးခြားသည့် ပလက်ဖောင်းတစ်ခုဖြစ်စေရန် အသွင်ပြောင်းထားမည်ဖြစ်ပြီး သူတို့၏ နောက်ဆုံးပေါ်ဖျော်ဖြေတင်ဆက်မှုများက စင်ကာပူအနုပညာဂေဟစနစ်၏ မတူညီသောရသများကို ပေးစွမ်းမည်ဖြစ်ပါသည်။

ထင်ရှားသည့်အနုပညာရှင်နှစ်ဦးဖြစ်သော He’ Lay (ဟဲလေး) နှင့် The Lion City တို့ ပူးပေါင်းပြီး ယဉ်ကျေးမှုအမွေအနှစ်များကို လက်ရှိခေတ်စားနေသော နိုင်ငံတကာ ရေစီးကြောင်းပေါ်က ဂီတအမျိုးအစားများဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ဖျော်ဖြေမှုကိုလည်း ပွဲတော်လာပရိသတ်များ ရှုစားရမည်ဖြစ်ပါသည်။ ပွဲတော်၏ အဓိကအစီအစဉ်တစ်လျှောက်တွင် ရန်ကုန်မြို့ပြလူငယ်များအကြားတွင် ရေပန်းစားနေသော အနုပညာရှင်တစ်ယောက်ဖြစ်သည့် “Bart Was Not Here” ကလည်း ဘိုကလေးဈေးလမ်းပေါ်တွင် စင်ကာပူနှင့် မြန်မာတို့၏ သက်ဝင်လှုပ်ရှားမှုများကိုထင်ဟပ်စေမည့် အထူးအနုပညာလက်ရာကို ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံ၏ အထင်ကရနေရာများနှင့် ဖျော်ဖြေရေးမြင်ကွင်းကို စူးစမ်းလေ့လာခြင်း

ပွဲတော်၏ အဓိကကဏ္ဍတွင် စင်ကာပူ၏ အထင်ကရနေရာများဖြစ်သည့် ဆန်တိုဆာကျွန်း (Sentosa Island)၊ Gardens by the Bay, Resorts World Sentosa နှင့် Wildlife Reserves Singapore များကို အင်တာအက်တစ်ပြပွဲကတစ်ဆင့် ပွဲတော်လာပရိသတ်များ တွေ့ကြုံခံစားနိုင်မည်ဖြစ်ပါသည်။
မိသားစုများအတွက် ဒီဇိုင်းအလုပ်ရုံ၊ အမွေအနှစ်များအပေါ်အခြေခံထားသည့် ကစားနည်းများ၊ မျက်နှာဆေးရောင်ခြယ်ခြင်း၊ အရာဝတ္ထုများတွဲစပ်ဆောက်လုပ်ခြင်းကစားကွင်းနေရာ စသည်တို့ပါဝင်သော ကလေးကစားစရာဇုန်နှင့် အလုပ်ရုံများလည်းစီစဉ်ထားရှိပါသည်။ Doh Eain က ကြီးမှူးစီစဉ်သည့် ကလေးသူငယ်များအတွက် အစီအစဉ်များတွင် ကလေးများ၏ သဘာဝစူးစမ်းစိတ်ကိုနှိုးဆွဖို့နှင့် စင်ကာပူ၏ စိတ်လှုပ်ရှားပျော်ရွှင်စရာများကို ချိတ်ဆက်ပြီးကစားခုန်စားသဘောနှင့် ပြသရန် ရည်ရွယ်ပါသည်။

ပွဲတော်အလွန် Passion Made Possible ကမ်ပိန်းကျင်းပခြင်း

ဘိုကလေးဈေးလမ်း၌ အဓိကသုံးရက်တာပြပွဲနဲ့အတူကျင်းပမည့် ၂၀၁၈ စင်ကာပူပွဲတော်၏အဆက်ဖြစ်သော ပါတနာများ၏ အစီအစဉ်ကဏ္ဍမျိုးစုံကတစ်ဆင့် စိတ်ခွန်အားများ ရှာဖွေသိုမှီးဖို့ မြန်မာပြည်သူပြည်သားများကို ဖိတ်ခေါ်အပ်ပါသည်။ ထိုကဏ္ဍများမှာ
• နိုဝင်ဘာ ၃၀ ရက် သောကြာနေ့တွင် ပန်သူရိယ၌ တင်ဆက်မည့် Drink and Draw Singapore Edition

ပန်သူရိယတွင် လစဉ်ကျင်းပမြဲဖြစ်သော အစီအစဉ်၏ အထူးအပိုင်းဖြစ်သည့် စင်ကာပူအသားပေး Drink and Draw တွင် ပါဝင်ပြီး တီထွင်ဖန်တီးမှုစွမ်းအားကို ပြသရန် အနုပညာဝါသနာရှင်များကို ဖိတ်ခေါ်အပ်ပါသည်။

• ဒီဇင်ဘာ ၁ ရက် စနေနေ့တွင် ပန်သူရိယမှာပြသမည့် 7 Letters ဇာတ်ကား

စင်ကာပူသားများ၏ ဘဝနှင့် အဖြစ်အပျက်များကို အသားပေးရိုက်ကူးထားသည့် အထင်ကရ စင်ကာပူဒါရိုက်တာခုနစ်ဦးရိုက်ကူးထားသော 7 Lettersစီးရီးဇာတ်လမ်းတိုကိုပြသသွားမည်ဖြစ်ပါသည်။ ဤဇာတ်ကားသည် ၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သော ၈၈ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးနိုင်ငံခြားဘာသာဇာတ်လမ်းအတွက် စင်ကာပူပြိုင်ပွဲဝင်ဇာတ်လမ်းအဖြစ်ရွေးချယ်ခံခဲ့ရပါသည်။

• ဒီဇင်ဘာ ၁ ရက် စနေနေ့တွင် Atypical Singapore မှ အနုပညာရှင်နှင့် ဦးစီးဖန်တီးသူများ တွေ့ဆုံဆွေးနွေးပွဲ

Atypical Singapore အစီအစဉ်က ခေတ်သစ်အနုပညာရှင် ခုနှစ်ဦး၏ လက်ရာများဖြစ်သော ဗီဒီယိုအနုပညာ၊ တင်ဆက်မှုအနုပညာ၊ ပန်းပု၊ မြို့ပြအနုပညာနှင့် AR နည်းပညာပေါင်းစပ်ပြသမှုများကို တင်ဆက်ထားပါသည်။

ယခုပွဲတွင် အနုပညာရှင်ငါးဦးဖြစ်သည့် anGie seah ၊ Muhammad Izdi ၊ Daniel Yu ၊ Amanda Tan နှင့် Eugene Soh တို့သည် Atypical Singapore ၏ ဦးစီးဖန်တီးသူ ပြတိုက်တာဝန်ခံ Khairuddin Hori နှင့်အတူ သူတို့၏ အနုပညာလက်တွေ့ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်များ၊ ဤပြပွဲဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့ရပုံများနှင့် AR နည်းပညာကို အနုပညာနှင့် ပေါင်းစပ်ဖန်တီးမှုများအကြောင်းကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။

• ၂၀၁၈ ဒီဇင်ဘာလ တစ်လလုံးတွင် Rangoon Tea House ၊ Buthee နှင့် Union Bar & Grill တို့တွင် တည်ခင်းရောင်းချသွားမည့် စားဖိုမှူးနှစ်ဦး၏ပေါင်းစပ်လက်ရာ မီနူးဖြင့် Four-hands ညစာစားပွဲ

• ဒီဇင်ဘာ ၈ ရက် ၊ စနေနေ့တွင် ပန်သူရိယမှာပြုလုပ်မည့် Duwun Talks မှ Singapore Insiders များ

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ခဲ့သော စင်ကာပူပွဲတော်သည် မြန်မာနိုင်ငံတွင်ကျင်းပသော စင်ကာပူ၏ နှစ်ပတ်လည်အခမ်းအနားတစ်ခုဖြစ်ပါသည်။ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (STB)၏ ကိုယ်ပိုင်အမှတ်လက္ခဏာပွဲတော်တွင် စင်ကာပူခရီးသွားပြပွဲ၏ ခရီးသွားပရိုမိုးရှင်းများ ပြသခြင်း၊ ရန်ကုန်မှ လေယာဉ်ပျံသန်းချိန် နှစ်နာရီခွဲအတွင်း အဆင်ပြေလွယ်ကူစွာရောက်ရှိနိုင်သည့် အာရှ၏ ဥပစာအတွင်းက အထင်ရှားဆုံး မြို့ပြနိုင်ငံတွင် မတူညီသော ၀ါသနာ စိတ်ပါဝင်စားမှုများအားလုံးကို ဖြည့်ဆည်းနိုင်မည့် လူတိုင်း စိတ်လှုပ်ရှား ပျော်ရွှင်ဆင်နွှဲနိုင်သည့် လည်ပတ်စရာနေရာတစ်ခုဖြစ်ကြောင်း သက်သေပြလျက်ရှိပြီး ပွဲတော်လာ ဧည့်သည်တော်များအတွက် ကျယ်ပြန့်သော အတွေ့အကြုံများကို ပေးစွမ်းလျက်ရှိပါသည်။