(Zawgyi)

ပဲလင္းေျမြသီးကို ဗံုလံုသီးလို႔လည္း လူသိမ်ားၾကပါတယ္။ ေျမြပံုစံ ရွိတာေၾကာင့္ ပဲလင္းေျမြသီးလို႔ ေခၚၾကတာပါ။ မိုးတြင္းမွာ ေတြ႔ရၿပီး ခ်ိဳတဲ့ အရသာကို ေဆာင္ပါတယ္။ ႏြယ္ပင္မ်ိဳးႏြယ္ ျဖစ္တာေၾကာင့္ စင္ နဲ႔ စိုက္ပ်ိဳး ရတဲ့ အသီးအႏွံ တစ္မ်ိဳးပါ။

ဗံုလံုသီးကို ခ်က္စား၊ ေၾကာ္စာၾကၿပီး ႏွစ္သက္တဲ့ အသားတစ္မ်ိဳးမ်ိဳးကို အစာသြပ္ၿပီး ခ်က္စားၾကပါတယ္။ တို႔စရာ အေနနဲ႔လည္း ျပဳတ္ၿပီး စားၾကသလို ဟင္းခ်ိဳအျဖစ္လည္း ခ်က္ၾကပါတယ္။ ဗံုလံုသီးဟာ ေရဓာတ္ပါ၀င္မႈ မ်ားတဲ့ အတြက္ ေၾကာ္ခ်က္ရာမွာ လြယ္ကူေစပါတယ္။

Snake Gourd Fry - Andhra Style Ingredients

ဗံုလံုသီးမွာ ဗီတာမင္၊ သတၱဳဓာတ္၊ အစိုဓာတ္၊ အဆီဓာတ္၊ အမွ်င္ဓာတ္၊ ကစီဓာတ္၊ ကယ္လ္စီယမ္၊ သံဓာတ္၊ ကယ္ရိုတင္း၊ နီအာစင္၊ ရီဘိုဖလာဗင္ တို႔ ပါ၀င္ၿပီး လူသား အက်ိဳးျပဳတဲ့ ဓာတ္ေတြျဖစ္ပါတယ္။ ဗံုလံုသီးဟာ အသည္းကို အက်ိဳးျပဳပါတယ္။ ေရဓာတ္မ်ားတဲ့ အတြက္ အေရျပား ေျခာက္ေသြ႔ျခင္းကို သက္သာေစပါတယ္။ တီဘီေရာဂါသမားေတြ စားသံုးဖို႔ သင့္ေတာ္တဲ့ အသီးျဖစ္ၿပီး ခြ်ဲ၊ သလိပ္ကို ေၾကေစႏုိင္ပါတယ္။

Potlakaya Kandipappu Kura 1

ကယ္လိုရီ ပါ၀င္မႈ နည္း တဲ့ အတြက္ ကိုယ္အေလးခ်ိန္ ထိန္းေနသူေတြ အတြက္ စိုးရိမ္စရာမလိုဘဲ စားလို႔ ရပါတယ္။ အမွ်င္ဓာတ္ေၾကာင့္ ဆီးခ်ဳိေရာဂါကို က်ေစႏုိင္ပါတယ္။ ၀မ္းခ်ဳပ္ေနသူေတြ အတြက္ ေဆးတစ္မ်ိုးအျဖစ္ စားသံုးလို႔လည္း ရပါတယ္။ အဆိပ္အေတာက္ ေျပေစၿပီး ေလကိုလည္း ေၾကေစပါတယ္။

ဗံုလံုသီးကို ႏွပ္စားမယ္ဆိုရင္ ပုဇြန္ေျခာက္ေလးနဲ႔ ေရာခ်က္ၿပီး ႏွပ္ရံုပါပဲ။ အစာသြပ္စားမယ္ဆိုရင္ေတာ့ အထဲက အေစ့ေတြ ထုပ္ၿပီး ပုဇြန္၊ ၀က္သား၊ ၾကက္သားတို႔ကို ထည့္ၿပီး ျပန္ႏွပ္စားလို႔ ရပါတယ္။

Credit: organicfacts

Photo Credit: Snaplant.com

(Unicode)

ပဲလင်းမြွေသီးကို ဗုံလုံသီးလို့လည်း လူသိများကြပါတယ်။ မြွေပုံစံ ရှိတာကြောင့် ပဲလင်းမြွေသီးလို့ ခေါ်ကြတာပါ။ မိုးတွင်းမှာ တွေ့ရပြီး ချိုတဲ့ အရသာကို ဆောင်ပါတယ်။ နွယ်ပင်မျိုးနွယ် ဖြစ်တာကြောင့် စင် နဲ့ စိုက်ပျိုး ရတဲ့ အသီးအနှံ တစ်မျိုးပါ။

ဗုံလုံသီးကို ချက်စား၊ ကြော်စာကြပြီး နှစ်သက်တဲ့ အသားတစ်မျိုးမျိုးကို အစာသွပ်ပြီး ချက်စားကြပါတယ်။ တို့စရာ အနေနဲ့လည်း ပြုတ်ပြီး စားကြသလို ဟင်းချိုအဖြစ်လည်း ချက်ကြပါတယ်။ ဗုံလုံသီးဟာ ရေဓာတ်ပါဝင်မှု များတဲ့ အတွက် ကြော်ချက်ရာမှာ လွယ်ကူစေပါတယ်။

Snake Gourd Fry - Andhra Style Ingredients

ဗုံလုံသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အစိုဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ကယ်ရိုတင်း၊ နီအာစင်၊ ရီဘိုဖလာဗင် တို့ ပါဝင်ပြီး လူသား အကျိုးပြုတဲ့ ဓာတ်တွေဖြစ်ပါတယ်။ ဗုံလုံသီးဟာ အသည်းကို အကျိုးပြုပါတယ်။ ရေဓာတ်များတဲ့ အတွက် အရေပြား ခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ တီဘီရောဂါသမားတွေ စားသုံးဖို့ သင့်တော်တဲ့ အသီးဖြစ်ပြီး ချွဲ၊ သလိပ်ကို ကြေစေနိုင်ပါတယ်။

Potlakaya Kandipappu Kura 1

ကယ်လိုရီ ပါဝင်မှု နည်း တဲ့ အတွက် ကိုယ်အလေးချိန် ထိန်းနေသူတွေ အတွက် စိုးရိမ်စရာမလိုဘဲ စားလို့ ရပါတယ်။ အမျှင်ဓာတ်ကြောင့် ဆီးချိုရောဂါကို ကျစေနိုင်ပါတယ်။ ဝမ်းချုပ်နေသူတွေ အတွက် ဆေးတစ်မျိုးအဖြစ် စားသုံးလို့လည်း ရပါတယ်။ အဆိပ်အတောက် ပြေစေပြီး လေကိုလည်း ကြေစေပါတယ်။

ဗုံလုံသီးကို နှပ်စားမယ်ဆိုရင် ပုဇွန်ခြောက်လေးနဲ့ ရောချက်ပြီး နှပ်ရုံပါပဲ။ အစာသွပ်စားမယ်ဆိုရင်တော့ အထဲက အစေ့တွေ ထုပ်ပြီး ပုဇွန်၊ ဝက်သား၊ ကြက်သားတို့ကို ထည့်ပြီး ပြန်နှပ်စားလို့ ရပါတယ်။

Credit: organicfacts

Photo Credit: Snaplant.com