သစ်ကြမ်းပိုးခေါက်က ကျန်းမာရေးအတွက် များစွာအသုံးဝင်တာကို အားလုံးသိပြီးကြပြီဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာမဟုတ်ဘဲ သစ်ကြမ်းပိုးခေါက်က အလှအပအတွက်ရော မီးဖိုချောင်နဲ့ အိမ်ထောင်ပရိဘောဂတွေအတွက်ပါ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ဆံကေသာ ကျန်းမာသန်စွမ်းဖို့ရန်အတွက်

သစ်ကြမ်းပိုးခေါက်ဖြင့် ပေါင်းတင်ခြင်းက ဦးရေပြားကို အားဖြည့်ပေးပြီး ဆံကေသာကျန်းမာသန်စွမ်းလာအောင် ကူညီပေးနိုင်ပါတယ်။ သစ်ကြမ်းပိုးခေါက်အမှုန့်နှင့် ပျားရည်တို့ကို ဆတူရောနှောပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ မိမိအသုံးပြုနေကျ ခေါင်းလျှော်ရည်နှင့် လျှော်ပေးလိုက်ပါ။

အင်းဆက် ပိုးကောင်များ မလာအောင် ကူညီပေးခြင်း

အိတ်သေးသေးလေးထဲမှာ သစ်ကြမ်းပိုးခေါက်အချောင်း ၂ ချောင်း၊ ၃ ချောင်းခန့်နဲ့ ငရုတ်ကောင်းအပွင့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ လေးညှင်းပွင့် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောထည့်ပြီးနောက် အဝတ်ဘီဒိုထဲမှာ ချိတ်ဆွဲထားပေးလိုက်ပါ။ ပိုးဟပ်များလာရောက်နိုင်တဲ့ အခြားနေရာများမှာလည်း ချိတ်ဆွဲထားနိုင်ပါသေးတယ်။

ညစာစားပွဲ အပြင်အဆင်အတွက် အသုံးတည့်ခြင်း

ညစာ စားပွဲမှာ အထူးဧည့်သည်တွေဖိတ်ထားပြီးလို့ သူတို့အတွက် စားပွဲဝိုင်းလေး ပြင်ဆင်တဲ့အခါ နာမည်ကတ်ပြားထောင်ဖို့အတွက် သစ်ကြမ်းပိုးခေါက်အချောင်းလေးကို အသုံးပြုနိုင်ပါတယ်။

ပရိဘောဂများ ခြစ်ရာ၊ ပွန်းရာ ထင်တဲ့အခါ

သစ်ကြမ်းပိုးခေါက်အမှုန့်လေးကို ထိုခြစ်ရာ ပွန်းရာ ထင်တဲ့နေရာမှာ ပွတ်တိုက်ပေးလိုက်ပါ။ အစွန်းအထင်းရာများ ပျောက်ပြီး ပရိဘောဂအသစ်တစ်လုံးရသွားသလား ထင်မှတ်သွားရပါလိမ့်မယ်။

ကားထဲမှာ ထည့်ထားမယ်

ကားထဲမှာ အနံ့အသက်ကောင်းဖို့ရန်အတွက် သစ်ကြမ်းပိုးခေါက်လေး ထည့်ထားလိုက်ပါ။ သစ်ကြမ်းပိုးခေါက်မှုန့်ရဲ့ အနံ့က စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး တက်ကြွလန်းဆန်းစေမှာပဲဖြစ်ပါတယ်။

ခြေထောက် အသားမာတက်ခြင်း၊ ခြေဖနောင့်ကွဲခြင်းတို့အတွက်

ရေ ၂၄၀ မီလီလီတာခန့် ( ၄ ခွက်ခန့်) ထဲသို့ သစ်ကြမ်းပိုးခေါက် ၁၀ ချောင်းထည့်ပြီး ကျိုချက်လိုက်ပါ။ ရရှိလာတဲ့ရေကို အအေးခံပြီးတဲ့နောက်မှာ ထိုရေနွေးထဲသို့ ခြေထောက်ထည့်ပြီး မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။ ဒီနည်းလမ်းလေးကို မိမိအလိုရှိတဲ့ အကျိုးရလဒ် မရမချင်း ပြုလုပ်ပေးနိုင်ပါတယ်။

မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့အတွက်

သစ်ကြမ်းပိုးခေါက်ထဲမှာ ပါဝင်တဲ့ Antioxidants က အစာအိမ်ပြဿနာများအတွက် အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ခန့် (၆၀ မီလီလီတာခန့်) ထဲသို့ သစ်ကြမ်းပိုးခေါက်တစ်ချောင်းထည့်ပြီး ဆူပွက်လာအောင် တည်လိုက်ပါ။ ဆူပွက်လာပါက သစ်ကြမ်းပိုးခေါက်ကို ဖယ်လိုက်ပြီး အအေးခံလိုက်ပါ။ ရေနွေးနွေးလေးဖြစ်သွားရင်တော့ သောက်သုံးပေးလို့ရပါပြီ။

Source: onegoodthingbyjillee.com