အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ ကန်စွန်းဥဟာ မြန်မာပြည်မှာ သရေစာ အဖြစ် စားသုံးကြတာများပါတယ်။ ကန်စွန်းဥဟာ အာလူးနဲ့ မျိုးနွယ် တူဖြစ်ပေမယ့် မတူညီတဲ့ အချက်တွေကတော့ ကန်စွန်းဥဟာ သွေးအတွင်း အချိုဓာတ်ကို မြင့်တက်ခြင်း မရှိပါဘူး။ ကန်စွန်းဥမှာ တစ်လုံးမှာ ၁၁ရ ကယ်လိုရီသာ ပါဝင်ပါတယ်။
ကန်စွန်းဥကို အာဟာရ ပညာရှင်တွေကတော့ အာဟာရတွေနဲ့ အပြည့်စုံဆုံး အသီးအနှံ အသိအမှတ် ပြုထားကြပါတယ်။ သကြားနဲ့ ထောပတ်တွေ နေရာမှာ ကန်စွန်းဥကို အစားထိုး စားသုံးခြင်းဖြင့် ဆီးချို ဖြစ်စေခြင်းကို တားဆီးနိုင်စေပါတယ်။
ဘာတွေ ပါဝင်လဲ ?
ကန်စွန်းဥကနေ ဘာတွေ ရနိုင်လဲဆိုရင် ကန်စွန်းဥ ၄အောင်စမှာ ဗီတာမင်အေ 390% ၊ ဗီတာမင် စီ 40% အပြင် ဗီတာမင် အီး၊ အိုင်းယွန်း၊ မက်ကနီစီယမ် နဲ့ ဘီတာကရိုတင်း တို့ ပါဝင်ပါတယ်။
ဘယ်လို ရွေးဝယ်ရမလဲ ?
ကန်စွန်းဥကို ၀ယ်မယ်ဆိုရင်တော့ အခွံပါးပါးနဲ့ စေးကပ်ကပ်ဖြစ်နေတာမျိုး ရွေးဝယ်နိုင်ပါတယ်။ အရောင်တောက်ပြီး ပုံသဏ္ဍန်ကိုလည်း ကြည့်ပြီး ၀ယ်နိုင်ပါတယ်။ လိမ္မော်ရောင်နဲ့ တခြားအရောင်တွေပါ ကန်စွန်းဥမှာ ရှိပါတယ်။ ဘယ်အရောင်ဖြစ်ဖြစ် ပိုရင့်ပြီး မှောင်နေတဲ့ အရောင်ကို ရွေးဝယ်ပါ။
ဘယ်လို သိမ်းရမလဲ ?
ကန်စွန်းဥကို ၆လကနေ ၁၀လ အထိ အေးတဲ့နေရာမှာ သိမ်းထားလို့ ရပါတယ်။ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိပါစေနဲ့။ ရေခဲသေတ္တာထဲလည်း မထည့်ပါနဲ့။ အခွံတွေ ခြောက်ပြီး အရသာတွေ ခန်းခြောက်သွားတ်ပါတယ်။
ဘယ်လို စားကြမလဲ ?
ကန်စွန်းဥကို သရေစာ အဖြစ် ပြုတ်ပြီး ဆီလေး ဆားလေးနဲ့ တို့စားကြပါတယ်။ သာကူချိုထဲ ထည့်သောက်ကြပါတယ်။ ကန်စွန်ဥကို ဆနွင်းမကင်း ဖုတ်စားကြသလို ကန်စွန်းဥကို စိတ်ပြီး သံလွင်ဆီနဲ့နယ် စတီးဗန်းပေါ် တင် နူးလာတဲ့ အထိ မိနစ် ၂၀လောက် ဖုတ်ပြီး စားလို့ ရပါသေးတယ်။ အနောက်တိုင်းကတော့ Salad တွေမှာ ထည့်ပြီး စားကြသလို ကင်လည်း စားကြပါတယ်။
Credit: eatingwell.com