မန်ကျည်းသီးစိမ်း ပေါက်စလေးတွေကို ဈေးထဲမှာ တွေ့နေရပါပြီ။ မကြာခင်မှာ မန်ကျည်းသီးစိမ်းတွေ ပေါပေါ တွေ့ရတော့မှာပါ။ အရသာ ချဉ်ပြီး အချိုဓာတ်ပါဝင်တဲ့ မန်ကျည်းသီးဟာ အာရှနိုင်ငံတွေရဲက မီးဖိုချောင်မှာ အမြဲ ရှိတဲ့ အသီးတစ်မျိုးပါ။ အစိမ်းပေါ်ချိန်မှာ အစိမ်းစားကြသလို မှည့်လာတဲ့ အခါ အစေ့ထုတ်ပြီး နှစ်ရှည်ခံအောင် သိမ်းထားကြပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ ဆေးဝါးအဖြစ် သုံးကြပါတယ်။ ဗီတာမင်ဓာတ်တွေနဲ့ တခြား ကျန်းမာရေးကို ကူညီပေးမယ့် အချက်တွေ အများကြီး ပါဝင်တဲ့ မန်ကျည်းသီးဟာ ခံတွင်းမြိန်တဲ့ ဟင်းတစ်ခွက်အဖြစ်လည်း ဖန်တီးနိုင်ပါတယ်။ အာဟာရပညာရှင်တွေရဲ့ ထောက်ခံချက်နဲ့ အတူ အံ့သြသင့်စေမယ့် အစွမ်းတွေ ရှိတဲ့ မန်ကျည်းသီးရဲ့ အချက်တစ်ချို့ကို မျှဝေပါရစေ။

tamarind_tree

  • မန်ကျည်းသီးကို ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဝမ်းအလွန်အမင်း ချုပ်သူတွေ အတွက် မန်ကျည်းသီးဟာ ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုလို့ ရတဲ့ ဆေးတစ်မျိုါ်ပါ။
  • မန်ကျည်းသီးဟာ အမျှင်ဓာတ်ပါဝင်မှု ကောင်းတဲ့အတွက် အူတွေရဲ့ လုပ်ဆောင်ချက်ကို ကူညီပေးနိုင်ပါတယ်။
  • မန်ကျည်းသီးဟာ ရာသီဥတုကြောင့် ဖြစ်တဲ့ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ရောင်ရမ်းခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

tamarind

  •  မန်ကျည်းသီးနဲ့ လုပ်ထားတဲ့ ဆပ်ပြာကို တိုက်ရင် အသားအရေ နီမြန်းခြင်းကို သက်သာစေပြီး ချောမွေ့စေနိုင်ပါတယ်။
  •  သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
  • သည်းခြေရောဂါအတွက်လည်း ကာကွယ်နိုင်ပါတယ်။
  • မန်ကျည်းသီးဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပြီး ဆံပင်သန်စေနိုင်ပါတယ်။

Tamarind-juice

မန်ကျည်းပင်ဟာ အရွက်ကအစ အစေ့အဆုံး စားသုံးလို့ ရတဲ့ အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အရွက်နုလေးတွေကို သုပ်စား၊ ချဉ်ရည် ချက်စားလို့ ရသလို အသီးမှာလည်း အစိမ်းရောအမှည့်ပါ အသုံးဝင်လှပါတယ်။ အစေ့ဟာလည်း လှော်ပြီး သရေစာအဖြစ် စားကြပြန်ပါတယ်။ အညာဒေသတွေမှာဆိုရင် မန်ကျည်းပင်ရိပ်မှာ ကွပ်ပျစ်ခင်းပြီး ရေနွေးကြမ်းနဲ့ လက်ဖက်နဲ့ စားရတာဟာ ပျော်စရာတစ်မျိုးပါပဲ။

မန်ကျည်းသီးကိုလည်း အမျိုးမျိုး အသုံးပြုကြပါတယ်။ ဟင်းထဲ ထည့်ချက်ကြသလို ဖျော်ရည် အနေနဲ့ပဲ သောက်သောက် သရေစာ အဖြစ်ပဲ လုပ်စားစား အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းအနေနဲ့ သုံးသုံး အားလုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒီလို အသုံးဝင်လှတဲ့ မန်ကျည်းပင်ကို နေရာများရှိရင် စိုက်ချင်ပါသေးတယ်။

Credit: Zeenews