အမဲသားက အင်ဒိုနီးရှားနိုင်ငံမှာ နာမည်ကြီးတဲ့ အစားအစာဖြစ်ပါတယ်။ အမဲသားက အရသာရှိရုံတင်ကမဘဲ ကျန်းမာရေးအတွက် အာဟာရလည်း ကြွယ်ဝပါတယ်။

ပရိုတင်းဓာတ်

အမဲသားစားခြင်းရဲ့ ကောင်းကျိုးတစ်ခုက ပရိုတင်းဓာတ်ကြွယ်ဝစွာရရှိတာဘဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်က ကြက်ဥ၊ တို့ဖူးတို့မှာ ရသလိုဘဲ အသားထဲမှာဆိုရင် အမဲသားက အများဆုံးရရှိတာဖြစ်ပါတယ်။

ဘာကြောင့် ပရိုတင်းဓာတ်က အရေးကြီးလဲ။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်မှာ ကြွက်သားတွေတည်ဆောက်ရာမှာ အရေးကြီးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကြီးထွားတဲ့အရွယ်၊ ငယ်တဲ့အရွယ်တွေမှာ ပရိုတင်းဓာတ်က အရေးကြီးပါတယ်။

သံဓာတ်

အမဲသားမှာသံဓာတ်ပါဝင်နှုန်းတွေ များပါတယ်။ သံဓာတ်ကလူသားတွေအတွက် အရမ်းအရေးကြီးပါတယ်။ သံဓာတ်ချို့တဲ့ရင် အားနည်းတာ၊ ခေါင်းမူးတာတွေဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ပါဘူး။

အဲ့ဒီအပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

Selenium နဲ့ ဇန့်ဓာတ်

အမဲသားမှာ ဇန့်နဲ့ Selenium ဓာတ်တွေပါဝင်ပြီး ဇန့်နဲ့ Selenium ဓာတ်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားမြှင့်တင်အောင်ကူညီပေးနိုင်ပါတယ်။

ဗီတာမင် B Complex

အမဲသားမှာ ဗီတာမင် B Complex ပါဝင်ပါတယ်။ ဗီတာမင် B Complex က ဦးနှောက်မှတ်ဉာဏ်ကိုပိုကောင်းစေပြီး အာရုံစိုက်မှုပိုကောင်းပါတယ်။ ဒါ့ကြောင့် ကျောင်းနေအရွယ်ကလေးတွေဆိုရင် စာသင်ကြားရာမှာ ပိုကောင်းပါတယ်။

Omega 3

ငါးတွေမှာ ပါဝင်တဲ့ Omega 3 က အမဲသားမှာလည်း အများကြီးပါဝင်ပါတယ်။ Omega 3 က နှလုံး၊ ဦးနှောက်နဲ့အသည်း စနစ်တွေကို ကောင်းမွန်စေပါတယ်။

Featured Image Source: NBC News