လူသားတိုင်းက ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုပဲ လိုချင်ပိုင်ဆိုင်ချင်ကြတာပါ။ ယေဘုယျအားဖြင့် ဆံပင်အရှည်က တစ်လကို လက်မဝက်လောက် ရှည်ထွက်ပါတယ်။ တစ်နှစ်ကို ၆ လက်မလောက် ရှည်ပါတယ်။ ဒီလိုဆံပင်ရှည်နှုန်းကလည်း မိမိရဲ့အသက်အရွယ်၊ မျိုးရိုးဗီဇ၊ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုအပေါ်မှာ အများကြီး မူတည်ပါသေးတယ်။

အသက်အရွယ်နဲ့ မျိုးရိုးဗီဇပိုင်းကိုတော့ ပြောင်းလဲလို့မရပေမယ့် စားသောက်မှုပိုင်းကိုတော့ ပြောင်းလဲပေးလို့ရပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကို စားသုံးခြင်းက ဆံကေသာကို ကျန်းမာလှပစေပြီး ဆံပင်လည်း အရှည်မြန်စေပါတယ်။ မကြာခဏ ဆံပင်ကျွတ်တဲ့ပြဿနာကလည်း ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

ကြက်ဥ

ဆံပင်အရှည်မြန်ဖို့အတွက် အလိုအပ်ဆုံးအာဟာရဓာတ် နှစ်မျိုးကတော့ ပရိုတင်းဓာတ်နဲ့ Biotin ဓာတ်တို့ပဲဖြစ်ပါတယ်။ ထိုအာဟာရဓာတ်တွေကို ကြက်ဥများ စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ပရိုတင်းဓာတ် နည်းပါးနေမယ်ဆိုရင်တော့ ဆံပင် မကြာခဏကျွတ်နေမှာပဲဖြစ်ပါတယ်။ အချိန်ပေးနိုင်မယ်ဆိုရင် ကြက်ဥနဲ့ ဆံပင်ပေါင်းတင်ပေးလို့လည်း ရပါသေးတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေထဲမှာ ဆံပင်အရှည်မြန်စေတဲ့ ဗီတာမင်နဲ့ ဒြပ်ပေါင်းတို့လည်း ပါဝင်ပါတယ်။ ဘယ်ရီသီးရဲ့ ဗီတာမင်စီနဲ့ Antioxidant တို့က ဆံပင်မွှေးညှင်းပေါင်းလေးတွေကို အားဖြည့်ပေးပြီး ပျက်စီးသွားတဲ့မော်လီကျူးလေးတွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဆံကေသာ ကြမ်းတမ်းပျက်စီးခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်စားသုံးခြင်းက မျက်လုံးအားကောင်းစေတဲ့အပြင် ဆံကေသာကိုလည်း ကျန်းမာလှပစေတယ်ဆိုတာ သင် သိပြီးပါပြီလား။ ဟင်းနုနွယ်ထဲမှာပါဝင်တဲ့ ဗီတာမင် အေ၊ ဗီတာမင် စီ၊ သံဓာတ်နဲ့ Folate ဓာတ်တို့က ဆံကေသာ အရှည်မြန်စေပါတယ်။ ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ သံဓာတ်က သွေးနီဥဆဲလ်များ အောက်ဆီဂျင်ကို ခန္ဓာကိုယ်ဆီသို့ သယ်ဆောင်ပေးပြီး ဆံကေသာ ကျန်းမာသန်စွမ်းစေပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ Beta-Carotene ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က ထိုဓာတ်ကို ဗီတာမင် အေအဖြစ်သို့ ပြောင်းလဲပေးပြီး ဆံကေသာကျန်းမာသန်စွမ်းအောင် ကူညီပေးပါတယ်။ ကန်စွန်းဥကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ဆံပင်ကို ထူထဲစေပြီး တောက်ပြောင် စေမှာပဲဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးက အာဟာရရှိပြီး အရသာလည်းရှိတဲ့ အသီးတစ်မျိုးပါ။ သူ့မှာ သဘာဝအဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်အီးကတော့ ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက် ကူညီပေးမှာပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ထောပတ်သီးကို ရှစ်လလောက် မှန်မှန်စားသုံး ပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ လုံးဝရပ်သွားမှာပဲဖြစ်ပါတယ်။

Source: healthline.com