လေထုညစ်ညမ်းမှုနဲ့ ဖုန်မှုန့်တွေကြောင့် (သို့) မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့ မဖျက်ဘဲ ပုံမှန်မျက်နှာသစ်ဆေးနဲ့ပဲ မျက်နှာသစ်တတ်တဲ့ အလေ့အကျင့်တွေကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။ မိမိမျက်နှာပေါ်က အလှဖျက်နေတဲ့ ဝက်ခြံနဲ့ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်များ၊ အမဲစက်များကို သဘာဝအတိုင်း ဖယ်ရှားချင်သူများအနေနဲ့ အခုဖော်ပြပေးမယ့် အစားအစာများကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

အိုမီဂါသရီး ဖက်တိအက်ဆစ်

အိုမီဂါသရီ ဖက်တိအက်ဆစ် ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး စတဲ့ အစားအစာများကို စားသုံးပေးခြင်းအားဖြင့် အသားအရေ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပါတယ်။ ထိုအစားအစာများမှာ Antioxidants များ ပါဝင်တဲ့အတွက်ကြောင့် သင့်အသားအရေကို လှပစေနိုင်ပါတယ်။

ကိုက်လန်ရွက်

ကိုက်လန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့တွက်ကြောင့် အသားအရေ မညီမညာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ဗီတာမင်စီက အသားအရေကို တင်းရင်းစေပြီး ပျက်စီးနေတဲ့ဆဲလ်များကို အသစ်ပြန်လည်ဖြစ်ပေါ်စေကာ သင့်အသားအရေကို လှပစေပါလိမ့်မယ်။

Green Tea

Green Tea ဖျော်ရည်က ကိုယ်အလေးချိန် လျော့ခပေးတဲ့အပြင် သူ့မှာပါဝင်တဲ့ Polyphenols က ချွေးပေါက်ကျယ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုး စားသုံးပေးခြင်းအားဖြင့် သင့်မျက်နှာမှာ ဖြစ်ပေါ်နေတဲ့ ဝက်ခြံကြောင့် အသားအရေ နီမြန်းရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် ဝက်ခြံများ တစ်နေရာတည်းတွင် စုပုံပေါက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သံပုရာရည်

သံပုရည်မှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သင့်အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

Source: Womensweekly.com.sg