ဝိတ်လျော့ဖို့ကိုကြိုးပမ်းနေကြတဲ့သူတွေ အများကြီးပဲရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိအောင်သေချာပြင်ဆင်ပြီး ဝိတ်လျော့နေတဲ့သူတွေကတော့ တော်တော်လေးကိုရှားပါတယ်။ ဝိတ်လျော့တော့မယ်ဆိုရင် အစားအသောက်လျော့စားမယ်၊ လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် ဝိတ်ကျမယ်လို့ထင်နေကြပါတယ်။

ဒါတွေက ဝိတ်ကျဖို့အထောက်အကူပြုပေမယ့် ရှောင်သင့်တာတွေကတော့ သက်သက်ရှိပြီးသားပါ။ ဝိတ်ချတော့မယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ဒါတွေကိုလုံးဝစွန့်လွှတ်နိုင်အောင် ကြိုးစားဖို့ကအရေးကြီးပါတယ်နော်။

Soda တွေကသောက်လို့ကောင်းတဲ့ အရသာမျိုးတွေရှိတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ ကောင်းကျိုးတွေမရှိတာကြောင့် မကြာခဏသောက်သုံးတတ်တဲ့ အကျင့်ကိုဖျောက်လိုက်သင့်ပြီနော်။ Soda မှာပါဝင်နေတဲ့ သကြားဓာတ်တွေက သင့်ဗိုက်မှာအဆီတွေကို စုစေပြီး ဝိတ်ကျအောင်လေ့ကျင့်ခန်းတွေလုပ်နေလည်း အလကားဖြစ်နေမှာပါ။

Cocktail သောက်တာတွေကို ရှောင်လိုက်ပါ။ သူငယ်ချင်းတွေ တွေ့ဆုံကြတဲ့အချိန်မှာ အသောက်အစားလေးတော့ပါတတ်ပေမယ့် သင်ဝိတ်လျော့မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီလိုမျိုးအရာတွေကို ရှောင်ပေးဖို့တကယ်ကို လိုအပ်ပါတယ်။

အသီးဖျော်ရည်တွေကလည်း သကြားဓာတ်တွေ အများကြီးပါဝင်နေမယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။ ဆိုင်တွေမှာ ဖျော်တဲ့အသီးဖျော်ရည်တွေ တော်တော်များများမှာ သကြားဓာတ်တွေပါဝင်နေတာဆိုတော့ သင့်ဝိတ်ချနေတဲ့အချိန်မျိုးနဲ့ဆိုရင် အဆင်မပြေပါဘူး။ သောက်ချင်တယ်ဆိုရင်တော့ သကြားနည်းနည်းနဲ့ အိမ်မှာပဲ ကိုယ်တိုင်ဖျော်သောက်တာက အကောင်းဆုံးပါနော်။

ဒါတွေကတော့ ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ လုံးဝကိုလက်လွတ်လိုက်သင့်တဲ့ အရာတွေဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်မှုမရှိပဲ ဝိတ်ကျနိုင်ဖို့ကအရေးကြီးဆုံးပါပဲနော်။

Photo Source : Pexels