အမဲစက်များနဲ့ အသားအရေ မညီမညာဖြစ်ခြင်းက နေလောင်ဒဏ်နဲ့ အိုမင်းရင့်ရော်ခြင်းတို့ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အသားအရေကို နေရောင်ကာခရင်မ်ကောင်းကောင်းနဲ့ သေချာ ထိန်းသိမ်းထားဖို့ အင်မတန်အရေးကြီးပါတယ်။

သင့်အနေနဲ့ ဝက်ခြံတွေ အမဲစက်တွေကြောင့် ဖြစ်တဲ့ အမာရွတ်များအပြင် ထိခိုက်ပွန်းပဲ့ဒဏ်ရာကြောင့် ဖြစ်တဲ့ အမာရွတ်တွေကိုပါ ပျောက်ကင်းချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး အိမ်တွင်းနည်းလမ်းလေးတွေ ရှိပါတယ်။

အာလူး အသုံးပြုပါ

အာလူးကို အခွံခွာပြီးနောက် ခြစ်ခုံဖြင့် ခြစ်ပေးလိုက်ပါ။ ထို့နောက် အာလူးအရည်များ ထွက်လာအောင် ညှစ်ပေးလိုက်ပါ။ ရရှိလာတဲ့ အာလူးအရည်ကို အမာရွတ်ပေါ် မိနစ် ၃၀ ခန့် အုပ်ထားပေးလိုက်ပါ။ နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါက တစ်လကြာတဲ့အခါ သိသာထင်ရှားတဲ့ ရလာဒ်ကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

နနွင်းမှုန့် အသုံးပြုပါ

နနွင်းမှုန့်ကို နွားနို့အနည်းငယ်၊ ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် အနှစ်များရအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် အမာရွတ်ပေါ်ကို သုတ်လိမ်းပေးထားပြီး အခြောက်ခံထားလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ရေနွေးနွေးနဲ့ ဆေးကြောပေးလိုက်ပါ။ နေ့စဉ်မှန်မှန် ပြုလုပ်ပေးရပါမယ်။

သံပုယိုရည်

သံပုယိုရည်က အမဲစက်များကို ဖယ်ရှားပေးတဲ့ အစွမ်းထက်အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Sensitive အသားအရေ ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။

ပြုလုပ်နည်းကတော့ သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီး လက်ချောင်းထိပ်များဖြင့် အမာရွတ်များပေါ် ပွတ်တိုက်ပေးလိုက်ပါ။ ၁၅ မိနစ်ခန့် ကြာမှ ရေဆေးပေးလိုက်ပါ။

သင်္ဘောသီး

သင်္ဘောသီးအခွံမှာ ပါဝင်တဲ့ Papain အင်ဇိုင်းက အမဲစက်များနဲ့ အမာရွတ်များကို ဖယ်ရှားပေးရာမှ အစွမ်းထက်တဲ့ ဓာတ်ကူပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။ သင်္ဘောသီးအခွံကို အနှစ်များရအောင် ကြိတ်လိုက်ပြီးနောက် ဒိန်ခဲအနည်းငယ်၊ ကုလားပဲမှုန့်အနည်းငယ်၊ နှင်းဆီရေ၊ ပျားရည်၊ နနွင်းမှုန့်တို့ဖြင့် သမအောင် ရောမွှေပြီးနောက် အမာရွတ်နေရာပေါ်တွင် မိနစ် ၃၀ ခန့် အုပ်ထားပေးနိုင်ပါတယ်။

အထက်ဖော်ပြပါနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာနည်းလမ်းတစ်မျိုးမျိုး အသုံးပြုပြီး နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက အမာရွတ်များ သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်။

Source: Femina.in