မေမေချက်ကျွေးတဲ့ ဟင်းလျာနဲ့ ကမ္ဘာကျော် စားဖိုမှူးချက်ပြုတ်ထားတဲ့ ဟင်းလျာနဲ့ လဲမလားဆိုရင် လူတိုင်း မလဲနိုင်ဘူးလို့ ဖြေကြမယ်ထင်ပါတယ်နော်။ စာရေးသူအပါအဝင် လူတော်တော်များများက အမေချက်တဲ့ ဟင်းလျာတွေ၊ အစားအစာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ ကိုယ်မွေးကိုယ်လူရယ်လို့ဖြစ်လာပြီးကတည်းက စပြီး မေ့မေ့လက်ရာကို စားဖူးပေမယ့် ဒီကနေ့ထိမရိုးနိုင်သေးပါဘူး။

အရွယ်ရောက်လာတော့ မြို့ပေါ်တက်အလုပ်လုပ်တာဖြစ်ဖြစ်၊ အလုပ်နဲ့ နီးတဲ့နေရာ ပြောင်းနေတာဖြစ်ဖြစ် နေ့လည်စာ၊ ညစာကို အပြင်မှာဘဲ ၀ယ်စားဖြစ်နေကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ဘဲ ကောင်းတဲ့ စားသောက်ဆိုင်မှာဘဲ စားစား အမေချက်တဲ့ ဟင်းလျာတွေကို စားရသလောက် စိတ်ကျေနပ်မှု မရရှိပါဘူး။ အမေချက်ကျွေးတဲ့ဟင်းလျာကို လွမ်းကြတာလူတိုင်းပါပဲ။

ဘာကြောင့် လူတွေက ကိုယ့်အမေချက်တဲ့ ဟင်းလျာတွေက အကောင်းဆုံးလို့ ခံစားနေရတဲ့ အကြောင်းအရင်းများကို ဝေမျှချင်ပါတယ်။

မနက်ခင်းအိပ်ယာနိုးတာနဲ့ ဟင်းချက်တဲ့ အနံ့မွှေးမွှေးလေးတွေ ရရှိခြင်း

IMG_7092

မနက်ခင်း ဟင်းချက်တဲ့ အနံ့မွှေးမွှေးလေးတွေက အိပ်နေတဲ့ အိပ်ယာကနေ ထပြီး မီးဖိုချောင်မှာ ဟင်းသွားမြည်းချင်အောင် ဆွဲဆောင်နေပါတယ်။

အမေဟင်းချက်တိုင်း မီးဖိုချောင် ရောက်ရောက်သွားခြင်း

shutterstock_612897491

ဘယ်လောက်ဘဲ အလုပ်ရှုပ်နေနေ ဟင်းချက်တဲ့အနံ့ရရင် မီးဖိုချောင်သွားပြီး ဘယ်အချိန်စားလို့ရမလဲဆိုတာ သွားသွားချောင်းကြည့်နေတတ်ပါတယ်။

အမေဟင်းချက်နေချိန် ဟင်းအိုးထဲကနေ အနည်းငယ်တောင်းစားတတ်ခြင်း

shutterstock_177503225

ဟင်းလျာအနံ့က မနက်စောစောနိုးလာတဲ့အပြင် ကိုယ့်ဗိုက်ကိုလည်း တဂွီဂွီဆာစေပါတယ်။ ဒါကြောင့် အမေချက်နေတဲ့ဟင်းအိုးထဲက အသားအနည်းငယ်၊ အရွက်အနည်းငယ်လောက်ကို မြည်းစမ်းသလိုလိုနဲ့ တောင်းစားတတ်ကြပါတယ်။

အဲ့လို စားလိုက်ရင် ဗိုက်ဆာတာ အနည်းငယ်သက်တောင့်သက်သာ ရှိသွားကြတယ် မဟုတ်ပါလား။

 

ဟင်းလျာတွေမှာ အသုတ်တွေ၊ သနပ်တွေနဲ့အစုံအလင်

spicyprawnsalad-e1487299615517

အမေတွေ ဟင်းချက်ရင် အသားဟင်း၊ ဟင်းချိုတို့တင်မကဘဲ ထမင်းမြိန်စေဖို့ သရက်သီး သနပ်တို့၊ အသုတ်တို့နဲ့ စုံစုံလင်လင် ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။

အမေရှိရင် ရေခဲသေတ္တာထဲမှာ အစားအစာတွေအပြည့်ဖြစ်နေ

ညသန်းခေါင်ဗိုက်ဆာလို့ အပြင်ထွက်စားတာမျိုး မဖြစ်စေရပါဘူး။ အမေရှိရင် ဟင်းလျာတွေကလည်း ရေခဲသေတ္တာထဲမှာရှိနေတာကြောင့် အချိန်မရွေး နွေးစားလို့ရပါတယ်။

နေမကောင်းတာတောင် ခံတွင်းမြိန်အောင် ချက်ပြုတ်ပေးခြင်း

Screen-Shot-2016-12-07-at-08.43.51-e1481132921638

အဖျားကြီးပြီး အိပ်ယာထဲလဲနေရင်တောင် အမေရှိရင် မပူပင်ရပါဘူး။ အမေက ငါးဆန်ပြုတ် မွှေးမွှေးလေး၊ အရသာရှိတဲ့ ကြက်သား စွပ်ပြုတ်လေးတွေနဲ့ ကိုယ့်ကို ခံတွင်းမြိန်အောင်ချက်ပြုတ်ပေးပါတယ်။

 

အမေ့ဟင်းလျာတွေက စိတ်ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်

shutterstock_565562272

ကိုယ့်အလုပ်နဲ့ ဖြစ်ဖြစ် လူမှုရေး ပြဿနာကြောင့်ဘဲဖြစ်ဖြစ် စိတ်ညစ်၊ ၀မ်းနည်းနေရင် အမေ့အိမ်ပြန်ပြီး အမေချက်တဲ့ ဟင်းလျာလေးတွေ စားသုံးကြည့်လိုက်ပါ။ ဘယ်အရာမှ အမေချက်တဲ့ဟင်းလျာလောက် ကိုယ့်ကို စိတ်ကျေနပ်ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။

 

အသီးအရွက် ဟင်းလျာလေးတွေကအစ စားလို့ကောင်း


CCFFA106_Gingered-Watercress_s4x3.jpg.rend_.hgtvcom.616.462

ခရုဆီလေးနဲ့ကြက်သားမှုန့်လေးသုံးပြီး ချက်တဲ့ ဟင်းသီးဟင်းရွက် ဟင်းလျာလေးတွေကအစ စားလို့ကောင်းပါတယ်။ သင်က အသီးအရွက်မကြိုက်တဲ့သူဖြစ်နေရင်တောင် အမေချက်တဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းသီးဟင်းရွက်ကြော်လေးတော့ စားမိပါလိမ့်မယ်။

 

ဘယ်အချိန်ဘဲအိမ်ပြန်လာလာ အစားအစာက အဆင်သင့်

SSWF-TomYumNoodles-e1481460011405

အလုပ်ကနေ နောက်ကျမှပြီးလို့ ညသန်းခေါင်ယံလောက်မှဘဲ အိမ်ပြန်ရောက်ရောက် သင့်အမေက သင့်အတွက် အစားအစာ တချို့ ချန်ထားပြီးသားပါ။

သူတို့ အိပ်နေရင်တောင်မှ ကြောင်အိမ်ထဲမှ သို့မဟုတ် ရေခဲသေတ္တာထဲမှာ သင့်တစ်ယောက် ကောင်းကောင်းစားလောက်မှ ဟင်းလျာနဲ့ထမင်းတွေတော့ ချန်ထားပါတယ်။

 

သူငယ်ချင်းတွေအားလုံးကိုလည်း ကျွေးမွေး

photo-1498912706911-05c755362bab

သူငယ်ချင်းတွေကို အိမ်မှာ ထမင်းခေါ်ကျွေးချင်ရင်လည်း ဖုန်းဆက်ပြောလိုက်ရုံပါဘဲ။ သင့်အမေက အားလုံးကို ကြည်ကြည်ဖြူဖြူနဲ့ ပိုက်ဆံကုန်တယ်မထင်ဘဲ အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ကျွေးဖို့အသင့်ပါဘဲ။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်ကနေ ပံ့ပိုး ကူညီပေးထားပါတယ်။

 

ခနောကြက်သားမှုန့်

image001

ဟင်းလျာတွေရဲ့ အနံ့အရသာကို ပိုထူးကဲအောင် ခနော ကြက်သားမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခနောကြက်သားမှုန့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၉နှစ်၊ ၁၈၃၈ ခုနှစ်က Carl Heinrich Knorr က ဂျာမနီနိုင်ငံ မှာတည်ထောင်ခဲ့တာဖြစ်ပြီး အသီးအရွက်   အခြောက်တွေ၊ ဆေးဘက်ဝင် အရွက်တွေကနေ အရသာရှိပြီး အာဟာရရှိမယ့် ဟင်းခတ်အမွှေးအကြိုင်တွေကို တီထွင်ခဲ့တာပါ။ အခုအထိလည်း   ခနောရဲ့ ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေကလည်း နေ့စဉ် အရသာအသစ်တွေကို သုတေသနပြုလုပ် ဖော်ထုတ်လျက်ရှိပါတယ်။

ဒါကြောင့် ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစုထမင်းဝိုင်းလေး ဖြစ်လာမှာပါ။