နေ့စဉ်စားသုံးနေတဲ့အစားစာတွေထဲမှာ အဆီအနှစ်တွေကတော့ ပါနေစမြဲပါ။ အများကြီးစားမိတဲ့အချိန်မှာတော့ ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပြီး ကိုယ်အလေးချိန်တိုးလာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကျန်းမာရေးဘက်ကကြည့်မယ်ဆိုရင်လည်း အသည်းအဆီဖုံးတာတွေကို ဖြစ်လာ စေနိုင်ပါတယ်။ အဆီတွေများလွန်းတဲ့ အစားစာတွေကိုစားတာက ဘယ်သူအတွက်မှ မကောင်းစေနိုင်ပါဘူး။

ကိုလက်စထရော တွေလျော့ကျစေဖို့အတွက် လေ့ကျင့်ခန်းတွေ ကျန်းမာရေး ဂရုစိုက်မှုတွေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒီတော့ ကိုလတ်စထရောတွေ များတဲ့ အဆီများသောအစားစာတွေကို စားပြီးတဲ့အခါမှာ ကျန်းမာရေး ကောင်းစေဖို့အတွက် လိုက်နာရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက် ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးရမယ်

အဆီအဆိမ့်တွေပါတဲ့ အစားစာတွေကိုစားပြီးတဲ့အခါမှာ လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်ဖို့တော့မလိုပါဘူး။ အစားစာတွေကိုစားပြီးတဲ့အခါမှာ အဆီတွေကြောင့် ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားတဲ့ ကိုလက်စထရောတွေကို လျော့ကျစေဖို့အတွက် လမ်းလျှောက်တဲ့လေ့ကျင့်ခန်းလောက်တော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်လိုက်မှလည်း ကိုယ်အလေးချိန်မတိုးလာပဲ အဆီတွေကိုလည်း လောင်ကျွမ်းသွားစေမှာပဲဖြစ်ပါတယ်။

ရေနွေးနွေးလေးသောက်ပေးပါ

အဆီတွေအများကြီးပါတဲ့အစားစာတွေကို စားပြီးတဲ့အခါမှာ လုပ်သင့်တဲ့အကောင်းဆုံးအရာကတော့ ရေနွေးသောက်ပေးတာပဲဖြစ်ပါတယ်။ ရေနွေးသောက်ပေးခြင်းက သင်စားလိုက်တဲ့အစားစာကနေတစ်ဆင့် သင့်ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့ အဆီတွေကို ချေဖျက်ပေးနိုင်ပြီး အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။

အိပ်ရာတန်းမဝင်ပါနဲ့

အစားတွေအများကြီးစားပြီးတဲ့အခါမှာ တန်းအိပ်တာမျိုးမလုပ်သင့်ပါဘူး။ သင်အစားစားတဲ့အချိန်နဲ့ အိပ်တဲ့အချိန်ကြားထဲမှာ အနည်းဆုံးတော့ ၃ နာရီလောက် ခြားထားပေးသင့်ပါတယ်။ အစားတွေစားပြီး အိပ်ရာတန်းဝင်လိုက်တဲ့အခါ အစာချေစနစ်ကိုထိခိုက်စေရုံသာမက ကိုယ်အလေးချိန်ကိုလည်း တက်လာစေနိုင်ပါတယ်နော်။

အေးတဲ့အစားစာတွေကို စားသုံးခြင်းကိုရှောင်ပါ

အဆီများတဲ့ အစားစာတွေကို စားသုံးပြီးတဲ့အခါမှာ အေးတဲ့အစားစာတွေ (ရေခဲမုန့်) စတာတွေကို စားသုံးခြင်းကို ရှောင်သင့်ပါတယ်။ အဆီများတဲ့အစားစာတွေကို စားပြီးတဲ့အခါ အေးတဲ့ အစားစာတွေကို စားသုံးခြင်းက အသည်းရောဂါတွေကိုလည်း ဖြစ်နိုင်စေသလို အစာအိမ်ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။

ပျားရည်သောက်ပေးပါ

အဆီအဆိမ့်များတဲ့အစားစာတွေကို စားပြီးသွားတဲ့အခါမှာ ပျားရည်ကိုသောက်ပေးသင့်ပါတယ်။ ပျားရည်က အစားအသောက်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့ အဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။ အစားများလို့ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေကိုလည်း လျော့နည်းစေပြီး ကျန်းမာတဲ့ဘဝမျိုးကို ရရှိမှာပဲဖြစ်ပါတယ်။

Photo Source : Pexels