ခရမ်းချဉ်သီးဟာ ဆောင်းတွင်းနဲ့ နွေမှာ များများစားစား တွေ့ရပြီး ဈေးလည်း သက်သာပါတယ်။ ရန်ကုန်မြို့က ခရမ်းချဉ်သီးတွေရဲ့မူလရင်မြစ်ကတော့ အင်းလေးကပါ။ နယ်ဘက်တွေမှာတော့ ကိုင်းထဲ ယာထဲမှာ စိုက်ပြီး စားကြပါတယ်။ ခရမ်းချဉ်သီးဟာ အရည်ရွှမ်းပြီး အနည်းငယ် ချဉ်တဲ့ အရသာ ရှိပါတယ်။

ခရမ်းချဉ်သီးမှာ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ဖောဖရိတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အေနဲ့  အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ကိုလက်စထရောနဲ့ ကယ်လိုရီ ပါဝင်မှုက လျော့နည်းနေပြီး သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် ဘီစစ်နဲ့ ရေဓာတ်လည်း ပြည့်ဝစွာပါဝင်ပါတယ်။ ခရမ်းချဉ်သီးဟာ အနီရောင် အသီးတွေမှာ ပိုပြီး ရေဓာတ်ပြည့်ဝပါတယ်။ အကောင်သေးပြီး ဈေးသက်သာတဲ့ ခရမ်းချဉ်သီးမှာ လူတွေ အတွက် အကျိုးကျေးဇူးများစွာ ရှိနေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ် ခရမ်းချဉ်သီးဟာ အသားအရေအတွက် အင်မတန်မှ ဆေးဖြစ်တဲ့ အသီးတစ်မျိုးပါ။ သူ့မှာ ပါတဲ့ ဘီတာကိုရိုတင်းဓာတ်ကြောင့် အသားအရေကို ခရမ်းလွန်ရောင်ခြည်တွေ တိုက်ရိုက်မထိအောင် ကာကွယ်ပေးနိုင်လို့ပါ။ လိုင်ကိုပင်းဓာတ်ဟာလည်း အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ဖြစ်ပွားမှု နည်းပါးစေပါတယ်။ ဝက်ခြံနဲ့ တင်းတိတ်တို့ကို သက်သာစေတဲ့ အပြင် ဝက်ခြံအမာရွတ်တွေအပေါ် ခရမ်းချဉ်သီး လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

အမြင်အာရုံကို တိုးတက် ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေး ခရမ်းချဉ်သီးမှာ ပါတဲ့ ခရိုမီယမ်ဟာ သွေးတွင်းမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ အရိုးအဆစ် သန်မာစေ ဗီတာမင်ကေ နဲ့ ကယ်လ်စီယမ်တို့ကြောင့် အရိုးတွေ သန်မာစေပြီး လိုင်ကိုပင်းဟာ အရိုးတွေကို အားကောင်းစေတဲ့ အပြင် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ဟာ လည်ချောင်း၊ ခံတွင်း၊ သားအိမ်ခေါင်း၊ အစာအိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ မမျိုးဥအိမ်နဲ့ ဆီးကျိတ် တွေရဲ့ ကင်ဆာဖြစ်နိုင်စွမ်းကို လျော့ကျပေးပါတယ်။ Antioxidant ၊ ဗီတာမင်အေနဲ့ ဗီတာမင် စီတို့တွေက ဆဲလ်တွေကို ဖျက်ဆီးမယ့် Free Radical တွေကို တိုက်ထုတ်ပေးပါတယ်။ ရောင်ရမ်းနာကျင်မှုကို လျော့ချပေးနိုင်သလို ခရမ်းချဉ်သီးမှာ ပါတဲ့ ဘိုင်အိုဖလေဗိုးနွိုက်နဲ့ကာရိုတီးနွိုက်တို့ဟာ ရောင်ရမ်းမှုနဲ့ နာကျင်မှုတို့ကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

Tomatos

ကိုယ်အလေးချိန်ကို ထိန်းပေး  ခရမ်းချဉ်သီးဟာ ကိုယ်အလေးချိန် တိုးမလာအောင် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ ဝိတ်ချနေသူတွေဆိုရင်တော့ နေ့တိုင်း ခရမ်းချဉ်သီး ပါအောင် စားပေးပါ။ ခရမ်းချဉ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်တွေ အများကြီး ပါဝင်တဲ့အတွက် မြန်မြန် ဗိုက်ပြည့်စေပြီး ကယ်လိုရီနဲ့ အဆီပိုတွေကို တက်မလာစေဘဲ ထိန်းပေးပါတယ်။

Credit: longevity