အားလုံးပဲမင်္ဂလာပါနော်။ အစားအစာတွေဟာ ကျွန်မတို့ လူသားတွေရဲ့ ဘဝရှင်သန်ရေးမှာ အရေးပါလှပါတယ်။

ချမ်းသာတဲ့ သူတွေကလည်း ငွေများများပေးပြီး အစားအစာကို ဝယ်ယူ စားသုံးကြပါတယ်။

၁၀။ ဖရဲသီးအနက်

ဂျပန်နိုင်ငံ Hokkaido မှာရတဲ့ အသီးပါ။ လေလံပစ်ပြီးရောင်းချရာမှာ $ ၃၀၀၀ ကနေ $ ၆၀၀၀ အထိ ဈေးရ ရောင်းချခဲ့ရပါတယ်။ အဲလောက်ငွေမတတ်နိုင်သူကတော့ Toronto မြို့မှာ $ ၂၀၀ နဲ့ ဝယ်ယူနိုင်ပါတယ်။

၉။ အီတလီရှိ Alba Truffle

ရှားပါး မှို တစ်မျိုးဖြစ်ပါတယ်။ အရမ်းအရသာရှိပါတယ်လို့ သိရပါတယ်။ ဈေးက အမေရိကန် $ ၇၆၈၀ အထိရှိပါတယ်။

၈။ Posh Pie

ကိတ်တစ်မျိုးပါပဲ။ သြစတြေးလျ နိုင်ငံ Lord Dudley Hotel က ပြုလုပ်တဲ့ အစားအစာပါ။ ဈေးကတော့ အမေရိကန်ဒေါ်လာ ၉၇၈၄ ရှိပါတယ်။

၇။ Louis XIII ပီဇာ

အရမ်းအရသာရှိတဲ့ ပီဇာလို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ရှိပါတယ်။

၆။ Fortress Stilt Fisherman Indulgence

အရမ်းဈေးကြီးတဲ့ အီတလီအစားအစာဖြစ်ပါတယ်။အရသာအရမ်းကောင်းလို့လည်း နာမည်ကျော်ပါတယ်။ ဈေးကတော့ အမေရိကန်ဒေါ်လာ ၁၄၅၀၀ ရှိပါတယ်။

၅။ Wagyu အမဲကိတ်

Wagyu အမဲကိတ် ကတော့ အရမ်းဈေးကြီးတဲ့ အစားအစာဖြစ်ပါတယ်။ အမဲသားကလည်း အရမ်းဈေးကြီးတယ်ဆိုတော့ ဈေးက အမေရိကန်ဒေါ်လာ ၁၅,၉၀၀ ရှိပါတယ်တဲ့။

၎။ Almas Caviar

ပါဝင်ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။ ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ဖြစ်ပါတယ်။

၃။ Faberge’ ချောကလက်

ချောကလက်တွေအများကြီးရှိတဲ့အထဲက ဒီချောကလက်က ဈေးကြီးတဲ့ထဲမှာပါပါတယ်။ ဈေးကတော့ အမေရိကန်ဒေါ်လာ ၃၄,၅၀၀ ဖြစ်ပါတယ်။

၂။ Lindeth Howe ချောကလက်

ဈေးအကြီးဆုံးချောကလက်လို့တောင်ဆိုနိုင်ပါတယ်။ ဈေးကတော့ အမေရိကန်ဒေါ်လာ ၃၅,၀၀၀ ရှိပါတယ်။

၁။ Brown Lipped Abalone

ဈေးအကြီးဆုံး အစားစာပါ။ အမေရိကန်ဒေါ်လာ ၁၇၃၆၀၀ ရှိပါတယ်။ ကိုရီးယား အင်ပါယာ ဘုရင်မင်းတစ်ဦးက တရုတ်နိုင်ငံကို လက်ဆောင်ပေးခဲ့တဲ့ အစားအစာလို့လည်းသိရပါတယ်။ ချိုတဲ့အရသာရှိပါတယ်။

Source: www.bbcnewshub.com

By: MyFood Myanmar