အရိုးအဆစ် သန်မာပြီး အရပ်ရှည်မြန်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာများကို နေ့စဉ်နေ့တိုင်း စားသုံးပေးသင့်ပါတယ်။ သင့် ခန္ဓာကိုယ်က ညီညွှတ်မျှတဲ့အာဟာရဓာတ်များကို ရယူနိုင်တဲ့အခါ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများက လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာပါ။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဟော်မုန်းဓာတ်များကို စုပ်ယူနိုင်ဖို့ရန်အတွက် ဟင်းသီးဟင်းရွက်များက ကူညီပေးနိုင်ပါတယ်။ အရပ်ရှည်မြန်စေဖို့ရန်အတွက်လည်း ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်ထဲမှာ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်၊ သံဓာတ်နဲ့ အမျှင်ဓာတ်များ ပါဝင်ပါတယ်။ ထိုအာဟာရနဲ့ သတ္တုဓာတ်များက ခန္ဓာကိုယ် ကောင်းမွန်စွာ ကြီးထွာသန်မာစေဖို့ရန်အတွက် ကူညီပေးနိုင်ပါတယ်။

ရုံးပတီသီး

ရုံးပတီသီးမှာ အရပ်ရှည်ထွက်လာစေတဲ့ သတ္တုဓာတ်များ၊ ကာဘိုဟိုက်ဒြိုက်ဓာတ်၊ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နဲ့ ရေဓာတ်များပါဝင်တာကြောင့် အရပ်ရှည်ချင်သူများအနေနဲ့ နေ့စဉ်စားသုံးပေးသင့်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဂေါ်ဖီထုပ်မျိုးနွယ်ဝင်တစ်ခုဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းထဲမှာ ဗီတာမင်စီဓာတ်၊ အမျှင်ဓာတ်၊ သံဓာတ်နှင့် ကင်ဆာရောဂါကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို နေ့စဉ်စားသုံးပေးမယ်ဆိုပါက ကြီးထွားမှုဟော်မုန်းများကို လှုံ့ဆော်ပေးတာကြောင့် အရပ်ရှည်ထွက်လာပါလိမ့်မယ်။

တရုတ်မုန်လာ

တရုတ်မုန်လာထဲမှာ ဗီတာမင်ဓာတ်များ၊ အမျှင်ဓာတ်များ၊ ပရိုတင်းဓာတ်များ ပါဝင်ပြီး ထိုအာဟာရဓာတ်များက ကြီးထွားမှုဟော်မုန်းများကို ထုတ်လွှတ်ပေးတာကြောင့် အရပ်ရှည်ချင်သူများအတွက် စားသုံးသင့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

မုန်ညှင်းဖြူ

မုန်ညှင်းကို တရုတ်ဂေါ်ဖီထုပ်လို့လည်း ခေါ်ဝေါ်ပါသေးတယ်။ မုန်ညှင်းထဲမှာ ကာဘိုဟိုက်ဒြိုက်ဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်များ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ကြီးထွားမှုဟော်မုန်းများကို အထောက်အပံ့ပေးပြီး အရပ်ရှည်လာအောင် ကူညီပေးနိုင်ပါတယ်။

ရွှေပဲသီး

လုံးလုံးဝိုင်းဝိုင်းပုံသဏ္ဍာန်ရှိတဲ့ ရွှေပဲသီးကလည်း အရပ်ရှည်ထွက်လာဖို့အတွက် ကူညီပေးတဲ့ အာဟာရဓာတ်များ လုံလောက်စွာပါဝင်တာကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။

Source: Stylecraze.com