လူတိုင်း လူတိုင်းက မိမိဘဝမှာ ကိုယ့်ခံယူချက်နဲ့ကိုယ် အသက်ရှင်နေထိုင်ကြပါတယ်။ အချို့ကလည်း ခွန်အားပြည့်ဝပြီး ကျန်းမာဖို့အတွက် အာဟာရမျှတအောင် စားသုံးကြသလို အချို့ကလည်း ဘာသာရေး ခံယူချက်၊ ရိုးရာခံယူချက် စသည်ဖြင့် အကြောင်းအရာမျိုးစုံကြောင့် သတ်သပ်လွတ်သာ စားသုံးလေ့ရှိကြပါတယ်။

သတ်သတ်လွတ်သမားများအနေနဲ့ ဝိတ်ချမယ်ဆိုရင် မိမိရဲ့အစားအသောက်ကို သေချာဂရုစိုက်ရပါမယ်။ မိမိစားသုံးမယ့် အစားအစာတွေထဲမှာ အာဟာရဓာတ်များ ပြည့်ဝစုံလင်အောင် ပါဝင်နိုင်ဖို့လည်း လိုအပ်သလို ဝိတ်ကျဖို့လည် လိုအပ်တာကြောင့် အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးပေးနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးကို တစ်နေ့တစ်ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင်တော့ ဝမ်းဗိုက်က အဆီပိုများ ပျောက်ပျက်သွားမှာပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကယ်လိုရီဓာတ်နည်းပါးစွာပါဝင်ပြီး အမျှင်ဓာတ်များပြားတဲ့အတွက်ကြောင့် ဝိတ်အမြန်ကျစေပါတယ်။

သစ်တော်သီး

သစ်တော်သီးတစ်လုံးမှာ အမျှင်ဓာတ် ၁၅ ရာခိုင်နှုန်းခန့်ပါဝင်ပါတယ်။ လေ့လာချက်များအရ တစ်နေ့ကို သစ်တော်သီး ၃ လုံးခန့် စားသုံးခြင်းက သစ်တော်သီးမစားတဲ့သူတွေထက် ဝိတ်ကျမြန်စေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် သစ်တော်သီး အခွံမှာ အမျှင်ဓာတ် အများဆုံးပါဝင်တဲ့အတွက်ကြောင့် အခွံမခွာဘဲစားခြင်းက ဝိတ်ကျပိုမြန်စေပါတယ်။

သံပုရာရည်

သင့်ရဲ့ မနက်ခင်းကို သံပုရာရည်သောက်သုံးခြင်းဖြင့် အစပြုခြင်းက ဆာလောင်မှုကို ထိန်းချုပ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

ငရုတ်သီး

ငရုတ်သီးများက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။ ငရုတ်သီးတစ်တောင့်မှာ ဗီတာမင်စီနဲ့ Beta-Carotene ဓာတ်တို့ နှစ်ဆပါဝင်တဲ့အတွက်ကြောင့် သွေးတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ ကူညီပေးပါလိမ့်မယ်။

ဖရဲသီး

ဖရဲသီးမှာ ကယ်လိုရီဓာတ်နည်းပါးပြီး ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်တာကြောင့် ဝိတ်ကျချင်သူများအနေနဲ့ ပထမဦးစားပေး စားသုံးသင့်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

Dark Chocolate

နို့ချောကလက်စားသုံးခြင်းထက် Dark Chocolate စားသုံးခြင်းက ချိုသောအစားအစာများ၊ ငန်သော အစားအစာများ၊ အဆီဓာတ်များပြားသော အစားအစာများနဲ့ အခြားသရေစာ မုန့်များ မစားချင်အောင် ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာလည်း ရေဓာတ်နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်များက အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းတို့ကို သက်သာစေပြီး ဝိတ်ကျမြန်စေဖို့ ကူညီပေးပါလိမ့်မယ်။

Source: Stylecraze.com