အခုဆိုရင် ဆောင်းရာသီကို ရောက်စပြုနေပြီ ဖြစ်သလို မိုးလေးဟာလည်း လက်ကျန်အဖြစ် နှုတ်ဆက်ရွာနေတဲ့ ရာသီဥတုပါ။ ဒီလို အကူးအပြောင်း ကာလတွေမှာ အအေးမိ၊ နှာစေး၊ တုပ်ကွေးတွေ ဖြစ်တတ်ကြပါတယ်။

ကြာရှည် စိတ်ဖိအားများပြီး အလုပ်လုပ်နေသူတွေက သာမာန်ရိုးရိုးသူတွေထက် ပိုပြီး အအေးမိလွယ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့် အအေးမမိအောင် ဘယ်လိုမျိုးဂရုစိုက်ကာကွယ်ရမလဲဆိုတာ ပြန်လည်ပြီး မျှဝေလိုက်ရပါတယ်။

salt-water-every-morning

(၁) ဆားရေဖြင့်ပလုပ်ကျင်းပါ

(အငံ အပေါ့ ကိုယ်တိုင်ချင့်ချိန်ပါ) နေ့တိုင်းမနက် ည အစားစားပြီးတိုင်း ဆားရေဖြင့် ပလုပ်ကျင်းပါ ။ ဆားရေကခံတွင်း(ပါးစပ်)ထဲမှာရှိတဲ့ ဗက်တီးရီးယား (Bacteria) ပိုးကို သေစေ၏။

၂။ ရေအေးဖြင့်မျက်နှာသစ် ရေနွေးဖြင့်ခြေဆေးပါ။

နေ့တိုင်း မနက် ည ရေအေးဖြင့်မျက်နှာသစ်ပါ။ ရေနွေးဖြင့်ခြေဆေးခြင်းက ကိုယ်ခန္ဓာက ဖျားနာခြင်းကို ခံနိင်ရည် ရှိစေ၏ ။

ginger-sugar

၃။  ဂျင်းနှင့် သကြားနီ (ထညက် ကြံသကာ) ကြိုချက်ပြီး သောက်ရေလို သောက်ပါ ။

(ဂျင်းနှင့်သကြား ကိုယ်တိုင်ချင့်ချိန်ပါ) အအေးမိခြင်းကို ကာကွယ်ပေးတဲ့ အကောင်းဆုံးနည်းပါ ။

၎။  ရေနွေးငွေ့ဖြင့် နှာခေါင်း လည်ချောင်းမှအချွဲများကိုသန့်ရှင်းပေးပါ။

ဆေးရုံမှာ Steam Inhalation လုပ်နည်းနှင့်နဲ့ တူပါတယ်။ ရေခွက်ထဲသို့ရေနွေးထည့်ပါ ။ ရေနွေးငွေ့ကို ပြင်းပြင်းရူလိုက်ပါ ရေအေးတဲ့ အထိလုပ်ပေးပါ ။ (တနေ့တည်း အခါ များများလုပ်နိင်၏) ဒီနည်းကတော့ စစချင်း အအေးမိတဲ့ အချိန်မှာ လုပ်နိင်ရင် အကောင်းဆုံး အသင့်တော်ဆုံးပါ။ ချောင်းဆိုးနှာပိတ် နှာမွန်းခြင်း ကိုသက်သာစေ၏ ။

hotwater

၅။ ပင်ပန်းခံ ခြင်းကိုလျှော့ပါ ။

အနားယုအိပ်စက်ရမည့် အချိန် များများပေးပါ ။ ပင်ပန်းတဲ့အချိန်မှာ ခန္ဓာကိုယ် ခုခံအားကျဆင်းပြီး အားလျှော့သောကြောင်းဗိုင်းရပ်များ အလွယ်တကု
ဝင်လာတတ်ပါတယ် ။ (တစ်ရက်တွင်သုံးနာရီလျှော့အိပ်ပါကခန္ဓာကိုယ်ခုခံအားကျဆင်းပါတယ်။

၆။ ရေနွေးဖြင့်ရေချိုးပါ ။

၇။  အအေးမိတဲ့အခါ ရေနွေးများများသောက်ပါ ။

ရေမသောက်ချင်ရင်လည်း (သံပရာ + ပျားရည်+ရေနွေး ) ဖျော်သောက်ပါ ။ ကြက်စွပ်ပြုတ်လည်းသောက်ပေးပါ။

Credit: Myawadynews