အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားလေးကို ရင်းရင်းနှီးနှီးကြားဖူးကြမှာပါနော်။ အသက်တဖြည်းဖြည်းရလာတဲ့အခါ ငယ်စဉ်တုန်းကလို မိမိစိတ်ကြိုက်စားသုံးလို့ မရတော့ပါဘူး။ သက်ရှည်ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာလေးတွေ ရွေးချယ်စားသုံးဖို့ လိုအပ်လာသလိုပဲ ကိုယ်လက်လှုပ်ရှားအားကစားတွေကိုလည်း မှန်မှန်ပြုလုပ်ဖို့ လိုအပ်နေပါပြီ။

တဖြည်းဖြည်း အသက်ရလာပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။

အသားအရေရဲ့ တင်းရင်းမှုကို ကြည့်ရင်သိနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အသားအရေရဲ့တင်းရင်းမှုက လျော့နည်းသွားပြီး အရေးအကြောင်းများလည်း ပေါ်ပေါက်လာပါတော့တယ်။ ထိုအရေးအကြောင်းများ၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်က အရေးအကြောင်းတွေကို ပျောက်ကင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာလေးတွေက ဆေးစွမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

နာနတ်သီးဖျော်ရည်

အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့နာနတ်သီး

နာနတ်သီးကို စားသုံးခြင်းက ပါးစပ်ခြောက်ခြင်းကို ကာကွယ်ပေးပြီး ရေငတ်ပြေစေပါတယ်။ မျက်နှာအတွက် အသုံးပြုမယ်ဆိုရင်လည်း တူညီတဲ့အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ အရေအကြောင်းတွေကို ပျောက်ကင်းချင်တယ်ဆိုရင်တော့ အဝတ်စ သန့်သန့်လေးတစ်ခုကို နာနတ်သီးဖျော်ရည်ထဲ နှစ်လိုက်ပြီး မျက်လုံးနားတစ်ဝိုက်ကို မိနစ် ၂၀ ခန့် ကပ်ထားပေးလိုက်ပါ။

သခွားသီး

ရေခဲသေတ္တာထဲ အအေးခံထားတဲ့ သခွားသီးအေးအေးလေးကို အဝိုင်းပုံသဏ္ဍာန်လှီးဖြတ်ပြီး မျက်လုံးပေါ်မှာ ၁၅ မိနစ်ခန့် ကပ်ထားပေးလိုက်ပါ။ နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်းကို သက်သောပျောက်ကင်းစေပြီး အရေးအကြောင်းများကိုလည်း ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

ဂျင်းနှင့် ပျားရည်

Source: shopevoo.com

ထောင်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောနှောလိုက်ပါ။ ထိုအရောအနှောကို မျက်လုံးအောက်ဘက်နဲ့ မျက်လုံးနားတစ်ဝိုက်ကို သုတ်လိမ်းပေးပြီး ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ တစ်နာရီခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းက မျက်လုံးနားတစ်ဝိုက်က သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး အရေးအကြောင်းများကိုလည်း ဖယ်ရှားပေးကာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပါလိမ့်မယ်။

Source: ba-bamail.com