ဖရဲသီးဟာ အလွယ်တကူ ဝယ်ယူနိုင်တာရယ် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေရယ်ကြောင့်တင် စားသင့်နေပါပြီ။ ဒါပေမယ့် အခြားအကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။ ရေဓာတ်များပြီး အရသာရှိလှတဲ့ ဖရဲသီးကို မြန်မာနိုင်ငံမှာတော့ နေရာဒေသ အတော်များများမှာ တွေ့ရပါတယ်။

နွေရာသီမှာ ပိုပြီး များများစားစား တွေ့ရပါတယ်။ အခုလိုအချိန်တွေမှာတော့ ပြည်ပကနေ ပြန်ဝင်လာတဲ့ ဖရဲသီးတွေပဲ ရှိပါတယ်။

အရည်ရွှမ်းတဲ့ အသီး

ဖရဲသီးကို ဘာကြောင့် စားသင့်သလဲ

အရည်ရွှမ်းပြီး အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။ ရေဓာတ်ပြန်လည် ဖြည့်ဆည်းဖို့ အကောင်းဆုံး အသီးဖြစ်ပါတယ်။ ဗိုက်ပြည့်စေလွယ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက် အကောင်းဆုံး အသီးပါ။

မျက်လုံးကို ကောင်းမွန်စေနိုင်

ဖရဲသီးမှာ ဗီတာမင်အေ ပါဝင်ပြီး ဗီတာမင်အေဟာ မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ တိမ်ဖြစ်ခြင်းနဲ့ ညဖက် အမြင်အာရုံ လျော့နည်းခြင်းတို့ကို ကောင်းမွန်စေနိုင်ပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်

ဖရဲသီးဟာ ဆေးမဆိုးထားဘူးဆိုရင်တော့ ကျန်းမာရေးအတွက် အတော်ကောင်းမွန်စေတဲ့ အသီးလို့ ပြောလို့ရပါတယ်။ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေနိုင်ပြီး အသက်အရွယ် ကြီးလာတဲ့ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

အပူကြီးခြင်းကို သက်သာစေနိုင်

ဖရဲသီးဟာ အအေးဓာတ် ရှိတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် ကိုယ်တွင်း အပူများနေတယ်ဆိုရင်တော့ ဖရဲသီးကို ဖျော်ရည်လုပ်သောက်ပေးရင် ကိုယ်တွင်းအပူကျစေပါတယ်။ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေပြီး အပူရှပ်တာမဖြစ်စေနိုင်ပါဘူး။

အရေပြားရောဂါတွေကို သက်သာစေနိုင်

အမိုင်နိုအက်ဆစ်ဓာတ်ပါဝင်တဲ့ ဖရဲသီးဟာ သွေးဖြူဥတွေကို မြန်မြန် ရောက်အောင် ကူညီပေးနိုင်ပါတယ်။ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေ အစားထိုးဖို့ မြန်တဲ့အတွက် အရေပြားနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

Ref: zeenews

Featured Image Source: Racool_studio