ဟင်းချက်တဲ့အလုပ်ကို မိခင်တွေ၊ အထူးသဖြင့် အိမ်ထောင်ရှင်မတွေက သူတို့ရဲ့ တာဝန်တစ်ရပ်လို သတ်မှတ်လိုက်ကြတာကြောင့် ဟင်းချက်တဲ့ အလုပ်ကို ပျင်းစရာကောင်းတယ်လို့ ထင်မြင်ယူဆသွားလေ့ရှိပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာတော့ ဟင်းချက်တာဟာ အမျိုးသမီးတွေ အလုပ်လို့ သီးသန့်သတ်မှတ်တာမျိုးမဟုတ်ဘဲ မိမိဝါသနာပါသလို အမျိုးသားတွေရော အိမ်က မိသားစုဝင်တွေပါ ဝင်ရောက်ချက်ပြုတ်ကြပါတယ်။

ဟင်းချက်တဲ့အလုပ်က မိခင်တစ်ယောက်တည်းရဲ့ အလုပ် မဟုတ်ပါဘူး။ မိသားစု ဝင်အားလုံးရဲ့အလုပ် လည်းဖြစ်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ မိသားစုနဲ့ အတူ ပျော်ရွှင်စွာ ဟင်းချက်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

 

ကိုယ့် စိတ်ကူးထဲက မီးဖိုချောင်လို ပြင်ဆင်လိုက်ပါ

photo-1495433324511-bf8e92934d90

ပိုက်ဆံ ကုန်ကျအများကြီးခံပြီး ခေတ်မီတဲ့ မီးဖိုချောင်ပြင်ရမယ်လို့ မဆိုလိုပါဘူး။ အမျိုးသမီးတိုင်းမှာတော့ ကိုယ့်မီးဖိုချောင်လေးကို ဘယ်လိုဖြစ်စေချင်သလဲဆိုတာ အတွေးထဲမှာရှိကြပါတယ်။

ရှင်းလင်းပြီး သန့်ပြန့်နေတဲ့ မီးဖိုချောင်က စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အချိန်ပေးပြီး မီးဖိုချောင်ကို ရှင်းလင်းကာ မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားလိုက်ပါ။

 

ဟင်းလျာတွေပြင်ဆင်ရင်း မိသားစု ချစ်ခြင်း မေတ္တာ တိုးပွားနိုင်ပါတယ်

photo-1491185841098-9ce20f966624

တစ်ယောက်တည်း ချက်ပြုတ်ရင်း ဟင်းလျာပြင်ဆင်တာထက် မိသားစုအတူ ချက်ပြုတ်ပြင်ဆင်တာက ပိုပြီး ပျော်ဖို့ကောင်းပါတယ်။

သင့် ခင်ပွန်းက အသီးအရွက်တွေကို လှီးချွတ်ပေးချိန်မှာ သင့်ကလေးတွေက ပန်းကန်တွေ ထုတ်ပြီး ဆေးကြော တည်ခင်းတာတွေ လုပ်ဆောင်နိုင်ပါတယ်။

 

ကလေးတွေကို နိုင်သလောက်ကူညီစေပါ

07d615e0

ကလေးတွေ တော်တော်များများက မိဘလုပ်နေရင် သူတို့ ပါဝင်ကူညီချင်ကြပါတယ်။ ဒါကို အလုပ်ရှုပ်တယ်လို့ မမြင်ဘဲ ပါဝင်ခွင့်ပေးပါ။ ဟင်းချက်နေချိန်အတွင်းမှာဘဲ ကလေးတွေကို ဟင်းသီးဟင်းရွက် ဝေါဟာရတွေနဲ့ အာဟာရတွေကို ရှင်းပြပေးနိုင်ပါတယ်။

 

မိသားစုဝင်တွေ ကြိုက်နှစ်သက်တဲ့ဟင်းကို ချက်ပါ

photo-1504387828636-abeb50778c0c

လူတိုင်းက သူတို့ ကြိုက်နှစ်သက်တဲ့ဟင်းလျာကို ချက်ပြုတ်နေချိန်မှာ ပိုပြီး ပါဝင်ချင်ကြပါတယ်။ ဒါကြောင့် မိသားစုဝင်တွေ ကြိုက်တဲ့ ဟင်းလျာကို ပိတ်ရက်တွေမှာ အတူတကွ ချက်ပြုတ်သင့်ပါတယ်။

 

ဟင်းလျာအသစ်အဆန်းတွေကို ချက်ပြုတ်ပါ

photo-1486419952281-2b1734713e54

တခါလာလည်း ဒီဟင်းလျာဘဲ ချက်ပြုတ်နေတာက အဆင်မပြေပါဘူး။ အားလုံးကို ငြီးငွေ့စေပါတယ်။ ဒါကြောင့် ဟင်းလျာအသစ်အဆန်းတွေကို မိသားစုနဲ့အတူ ရှာဖွေ ချက်ပြုတ်ကြည့်ပါ။ ဒါဆိုရင် ကလေးတွေကို အသစ်အဆန်းတွေ စမ်းသပ်ချင်၊ စွန့်စားချင်တဲ့စိတ်ကိုပါ ကျင့်ပြီးသားဖြစ်သွားပါလိမ့်မယ်။

 

ပြီးပြည့်စုံတဲ့ ဟင်းလျာရမယ်လို့မမျှော်လင့်ထားပါနဲ့

Philippine_Chicken_curry

ဟင်းလျာတွေကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်ဖို့ဘဲ အဓိကထားပါ။ အရသာအရမ်းကောင်းပြီး ပြီးပြည့်စုံတဲ့ ဟင်းလျာတစ်ခု ရရှိဖို့ မမျှော်လင့်ပါနဲ့။ ဒါက ဟင်းချက်ပြိုင်ပွဲမဟုတ်ပါဘူး။

အတူတူ ဟင်းချက်ရင်း အစားအစာတွေ တူးသွားလည်း တစ်ယောက်နဲ့တစ်ယောက် အပြစ်မတင်ကြဘဲ ပျော်ပျော်ရွှင်ရွှင်ချက်ပြုတ်ဖို့က ပိုအရေးကြီးပါတယ်။

 

ချက်မယ့် ဟင်းလျာတွေကို ကြိုတင်ပြင်ဆင်ထားပါ

Symbol-Recipe-Food-Recipes-Card-Spoon-Icon-Label-575434

ဒီရုံးပိတ်ရက်မှာ ဘာချက်စားကြမလဲဆိုတာ တခြားရက်တွေကတည်းက မိသားစုနဲ့တိုင်ပင်ထားပါ။ ပြီးရင် လိုအပ်တဲ့ ပစ္စည်းတွေကို ချရေးပြီး ဘယ်သူက ဘယ်တာဝန်ယူမလဲဆိုတာ ကြိုပြီးခွဲထားပါ။ ဒါဆိုရင် ရုံးပိတ်ရက်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဟင်းချက်နိုင်ကြမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

image001

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့်က ဟင်းလျာတွေကို အနံ့အရသာ ထူးကဲကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တဲ့အပြင် မီးဖိုချောင်ထဲမှာ ယုံကြည်မှုရှိရှိနဲ့ဟင်းချက်နိုင်အောင် ကူညီပေးပါတယ်။

ခနောကြက်သားမှုန့်က မြန်မာနိုင်ငံကို မတင်သွင်းခင်မှာ ဌာနေ တိုင်းရင်းသားတွေရဲ့ ဟင်းချက်ပုံနည်းစနစ်တွေ၊ လိုအပ်ချက်တွေကို အသေးစိတ်လေ့လာပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် မိသားစုနဲ့အတူ ဘဝအမှတ်တရတွေ ဖန်တီးနိုင်မယ့် အရသာရှိပြီး ပျော်ရွှင်ဖွယ်ရာ မိသားစု ထမင်းဝိုင်းလေးဖြစ်အောင် ခနောကြက်သားမှုန့်ကို မမေ့ကြပါနဲ့နော်။