ပီဇာကို အိမ်မှာ စားဖို့ ပါဆယ်ထုပ်လာပြီး ညဘက်စားလို့မကုန်လို့ ရေခဲသေတ္တာထဲမှာ သိမ်းထားလေ့ရှိပါတယ်။

မနက်ကျတော့ ကော်ဖီလေးနဲ့ မနက်စာစားဖို့ နွေးတဲ့အချိန်မှာ ဘယ်လို နွေးရမလဲဆိုတဲ့ အခက်အခဲတွေ ရှိပါလိမ့်မယ်။ ဒီအတိုင်း Microwave ထဲထည့်လိုက်ရင် မာမာတောင့်တောင့် ကြီးနဲ့စားလို့မကောင်းဘဲ ထွက်လာပါလိမ့်မယ်။

မိုက်ခရိုဝေ့ နဲ့ ပီဇာကို ဘယ်လိုနွေးမလဲ

78c70a46a33e4024ab8018c017273de0--just-go-that-so

ပီဇာတင်မယ့် ပန်းကန်ပြား တစ်ရှူး သို့ Paper Towel တစ်ခုကို တင်လိုက်ပါ။ တစ်ရှူးက ပီဇာကို အငွေ့ရိုက်မှုတွေများပြီး ကျွတ်ဆပ်ဆပ်မဖြစ်သွားအောင် အငွေ့တွေကို စုပ်ပေးပါလိမ့်မယ်။ ပြီးရင် ပီဇာကို ပန်းကန်ပြားမှာ တင်လိုက်ပါ။

ရေတစ်ခွက်ကို ပီဇာရဲ့ ဘေးမှာ တင်လိုက်ပြီး မိုက်ရိုဝေ့နဲ့ နွေးလိုက်ရင် ပီဇာ ခြောက်ကပ်ကပ်ကြီးမဖြစ်သွားအောင် ခွက်ထဲက ရေတွေက လုပ်ဆောင်ပေးပါ လိမ့်မယ်။

မီးဖိုပေါ်မှာ ဘယ်လိုနွေးမလဲ

o-REHEAT-PIZZA-facebook

ဒယ်အိုးပြားကို အပူချိန် အလယ်အလတ်လောက်ဘဲ ပေးထားပြီး ကျန်နေတဲ့ ပီဇာကိုထည့်လိုက်ပါ။ ပြီးရင်အပေါ်က အလူမီနီယံပြားကို ဒယ်အိုးအဖုံးပုံစံမျိုး ပီဇာအပေါ်မှာ အုပ်ပေးပါ။

ဂက်စ်မီးဖိုရဲ့ အလယ်အလတ်အပူချိန်ထားပြီး ၄ မိနစ် ကနေ ၅ မိနစ်ကြာရင် ပီဇာရဲ့ အောက်ဘက်က အသားလေးက တင်းလာပြီး အပေါ်ပိုင်း အနှစ်တွေက အရည်လေးတွေ ဝင်းပြီး အနံ့လေးတွေ ထွက်လာပါလိမ့်မယ်။

ဒါဆိုရင် အရသာရှိတဲ့ ပီဇာကို စားလို့ရပါပြီ။

Featured Image Source: thestar.com