ဘယ်အနုပညာရှင်တွေကိုမဆို ဘယ်လိုအစားအသောက်တွေစားသလဲလို့ မေးလိုက်တဲ့အချိန်တိုင်း Salad ဆိုတဲ့ အစားအသောက်တစ်မျိုးတော့ ပါနေကြဖြစ်မှာပါ။ အသီးအရွက် အစုံအလင်ပါဝင်တဲ့ Salad ဟာဆိုရင် ဟောလိဝုဒ်မှ အနုပညာရှင်များ အများစုစားသုံးကြပါတယ်။ ဒါကြောင့် အနုပညာရှင်တွေစားသုံးတဲ့ Salad ထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Chrissy Teigen

ထောပတ်၊ ဆလပ်ရွက်၊ ပန်းသီးတစ်ခြမ်း၊ ကြက်သွန်နီ၊ သစ်ချသီး၊ အပြာရောင်ချိစ်

Beyonce’

ကိုက်လံ၊ သခွားသီး၊ မုန်လာဥနီ၊ ရေညှိရွက်၊ ကြက်သွန်မြိတ်၊ လှော်ထားသည့် အယ်လ်မွန်စေ့များ

Selena Gomez

ကြက်ဆင်သား၊ ထောပတ်သီး၊ ပဲစေ့များ၊ အရွက်စိမ်းများ

Gisele Bundchen

ကိုက်လံ၊ ချယ်ရီခရမ်းချဉ်သီးများ၊ မုန်လာဥအနီ (Beet)၊ ကန်စွန်းဥ၊ ဂေါ်ဖီပန်းစိမ်း၊ Quinoa၊ ထောပတ်သီး၊ ကန်စွန်းရွက်

Jennifer Aniston

သခွားသီး၊ နံနံပင်၊ ပူစီနံ၊ ကြက်သွန်နီ၊ Garbanzo ပဲများ၊ ဒိန်ခဲ၊ Pistachios

Lily Aldridge

တို့ဖူး၊ ငရုတ်သီးစိမ်း၊ မုန်လာဥအနီရောင်၊ ဂေါ်ဖီပန်းစိမ်း၊ Quinoa၊ အရွက်စိမ်းများ

Jessica Alba

မုန်လာဥနီအချောင်းလေးများ၊ ထောပတ်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ သံပုယိုရည်၊ သံလွင်ဆီ

Kate Hudson

Arugula အရွက်၊ ဖရဲသီး၊ ဒိန်ခဲပျော့၊ ကြက်သွန်ဥနီ

Miranda Kerr

ဆယ်လ်မွန်မီးကင်၊ ဒေါက်ခွရွက်၊ စမုန်နက်၊ သံလွင်သီး၊ ခရမ်းချဉ်သီး၊ မုန်လာဥ၀ါ

Julia Roberts

အသားပြား၊ Brussel ပင်ပေါက်၊ Pistachios၊ Manchego ချိစ်၊ ရေနှင့်ကြော်ထားသည့် ကြက်ဥ

Khloe Kardashian

ကြက်အသားမျှင်၊ ခေါက်ဆွဲ၊ ဂျင်းအချဉ်စိမ်၊ မုန်လာဥ၊ ထောပတ်သီး၊ ဆလပ်ရွက်

Kourtney Kardashian

ကြက်ရင်ပုံသား၊ နေကြာစေ့၊ ဆလပ်ရွက်၊ ထောပတ်သီး

Kim Kardashian

ဒေါက်ခွရွက်၊ သံပုရာသီးနှင့်ကင်ထားသည့် ကြက်သား၊ Salad အနှစ်

အနုပညာရှင်တွေစားသုံးတဲ့ Salad ထဲမှာ ဘယ်လိုမျိုး အမျိုးအစားတွေပါဝင်သလဲဆိုတာကို ဖော်ပြပေးထားတာကြောင့် Salad စားပြီး Diet လုပ်ချင်သူများတွက် သင့်တော်မယ်လို့ ထင်ပါတယ်နော်။ ပါဝင်ပစ္စည်းတွေ အကုန်လုံးကလည်း ကျန်းမာရေးနဲ့ညီညွတ်တာတွေဖြစ်လို့ ဘာမှစိုးရိမ်စရာမရှိဘဲ အရသာရှိရှိ စားသုံးနိုင်ပါတယ်။