ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က အစာခြေစနစ်ကို အားကောင်းစေပြီး အစာအိမ်စနစ်ကိုကောင်းစေတာကြောင့် မနက်စာမှာ စားသုံးသင့်ပါတယ်။

ခရမ်းချဉ်သီးမှာ Oxalic အက်ဆစ်ပါဝင်တာကြောင့် ညဘက်စားသုံးရင် ရောင်ရမ်းတာတို့ ဖြစ်စေပါတယ်။

homegrown-tomatoes-basket

အာလူး

အာလူးမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ သတ္တုဓာတ်တွေပါဝင်ပြီး အာလူးမှာပါတဲ့ ကစီဓာတ်က သွေးအတွင်း ကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။

ဒါကြောင့် မနက်စာမှာ စားသုံးသင့်ပါတယ်။

အာလူးက တခြား ဟင်းသီးဟင်းရွက်တွေထက်စာရင် ကယ်လိုရီပါဝင်မှုပမာဏက ၂ ဆ၊ ၃ ဆလောက်များတာကြောင့် ညစာမှာတော့ မစားသုံးသင့်ပါဘူး။

s-6f872e214d640be355031c0ac42dd9cd74e8c98d

ငှက်ပျောသီး

ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေပါဝင်တာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်က အချဉ်ရည်တွေ အထက်ဆန်တက်တဲ့ ရောဂါ (Heartburn) ကိုကုသရာမှာလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် နေ့လယ်ခင်း စားသုံးသင့်ပါတယ်။

ညဘက်မှာတော့ အစာခြေစနစ်ကိုထိခိုက်နိုင်တာကြောင့် မစားသင့်ပါဘူး။

271157-bananas

ပန်းသီး

ပန်းသီးမှာပါဝင်တဲ့ Pectin က အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းမွန်စေတာကြောင့် မနက်စာအဖြစ်စားသုံးသင့်ပါတယ်။

ညဘက်မှာဆိုရင်တော့ ပန်းသီးက အက်ဆစ်ပမာဏကိုတိုးစေပြီး Pectin ကအစာကြေဖို့ခက်ခဲတာကြောင့် မစားသုံးသင့်ပါဘူး။

apple-8