ပျားရည်ဟာ လူတိုင်းနဲ့ သင့်တော်တဲ့ အစားအစာလို့ သိကြပါတယ်။ ပျားရည်လို့ ပြောလိုက်တာနဲ့ ကျန်းမာရေး လိုက်စားသူတွေ စားသုံးတဲ့ အစားအစာဆိုတာ သိကြပါတယ်။ ပျားရည်ကို ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့ ဘယ်လို စားသောက်ရမယ် ဆိုတာတော့  သိတဲ့လူနည်းပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ လူတွေဟာ ကျန်းမာရေးနဲ့ အညီနေထိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေပြီး စားသုံးနေကြသလို Diet Plan တွေနဲ့အညီ ပြုမူနေထိုင် စားသောက်နေကြပါတယ်။

ပျားရည်မှာ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်ပြီး ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများထဲက တစ်ခုပါ။ ပျားရည်ကို ရေနွေးနဲ့ ဖျော်ရည်လုပ်သောက်မယ်ဆိုရင် ကိုယ်အလေးချိန် ထိန်းပေးပြီး ကိုယ်တွင်း ကလီစာတွေကို ကျန်းမာစေပါတယ်။

ပျားရည်ကို သောက်ပေးခြင်းအားဖြင့် ကိုယ်ခံအား တိုးမြှင့်လာစေနိုင်ပြီး  ရာသီဥတုကြောင့် ဖြစ်တဲ့ အအေးမိနှာစေး ချောင်းဆိုးတွေကို ကာကွယ်ပေးပါတယ်။

အဆုတ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ပေးနိုင်ပါတယ်။ ပျားရည်ဟာ အရက်နာကျသူတွေ အတွက် အကောင်းဆုံးဆေးပါပဲ။ မနက် ပျားရည်ဖျော်ရည်ကို သောက်ပေးခြင်းအားဖြင့် အရက်နာကျခြင်းကြောင့် ဖြစ်တ ဲ့ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မလန်းဆန်းခြင်းတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ အူလမ်းကြောင်းတွေမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ပြေစေပြီး အစာခြေလမ်းကြောင်းက မကောင်းတဲ့ ပိုးတွေကို သေစေနိုင်ပါတယ်။

honey made

ကျောက်ကပ်ရဲ့ လုပ်ဆောင်ပုံကို  အကောင်းဆုံး အထောက်အပံ့လုပ်ပြီး ညနေပိုင်းတွေမှာ သောက်ပေးရင် ညဘက် ဆီးပြဿနာ မဖြစ်စေတော့ပါဘူး။ ပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ် ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့ အချက်တွေ ရရှိပါတယ်။

honeyjuice

ပျားရည်ဖျော်ရည်မှာ အဓိက ပါတာကတော့ ပျားရည်နဲ့ ရေနွေးပါပဲ။ အဆီကျချင်သူတွေ အတွက်ကတော့ လီမွန်တစ်ခြမ်းလောက် ထည့်သောက်လို့ ရပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေး တစ်ခွက်ထဲထည့် မွှေပြီး သိပ်မအေးခင် သောက်ပေးပါ။

ဘယ်အချိန်တွေမှာ သောက်ဖို့ သင့်တော်သလဲဆိုရင်တော့

  • မနက်အိပ်ယာထိချိန် ဗိုက်ထဲ အစာ မရှိတဲ့အချိန်ဟာ အကောင်းဆုံးပါပဲ။
  • အစာနဲ့ ဝေးတဲ့ ညပိုင်း

ကြိုက်တဲအချိန်မှာ တစ်ကြိမ်လောက်တော့ သောက်ပေးသင့်ပါတယ်။ တစ်လလောက် သောက်လိုက်ရင်ပဲ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားသိလာနိုင်ပါလိမ့်မယ်။