ကလေးတွေကို စားနေကျ အစားအစာတွေချည်းဘဲ ကျွေးမယ့်အစား အစားအစာ အသစ်တွေ၊ အရသာသစ်တွေကို အတူတကွ ရှာဖွေပြီး စားသောက်ဆိုင်မှာ စားတာမျိုး၊ ချက်စားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

မိခင်တွေကလည်း ကလေးတွေကို စားနေကျ အစားအစာတွေ ချည်းဘဲ ကျွေးနေရင် ကလေးတွေက ရိုးအီသွားပြီး ထမင်းလည်းကောင်းကောင်း စားတော့မှာမဟုတ်ပါဘူး။

လူတိုင်းက အသစ်အဆန်းကို ကြိုက်နှစ်သက်ကြတာကြောင့် ရုံးပိတ်ရက်လေးတွေမှာ အသစ်အဆန်း ဟင်းလျာလေးတွေကို ကလေးတွေနဲ့ အတူ ချက်ပြုတ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

person-cooking-kitchen-child-yellow-baby-chef-cook-product-eating-dress-infant-toddler-skin-sweetness-only-1075665

ကျွန်မ မေမေကတော့ စားသောက်ဆိုင်တစ်ခုမှာ သွားစားတာနဲ့ သူကြိုက်နှစ်သက်ရင်၊ ဘာတွေထည့်လဲ၊ ဘယ်လိုချက်လဲဆိုတာကို ပြန်မေးကြည့်ပြီး ချက်ကျွေးလေ့ရှိပါတယ်။

တခါက ပြည်မြို့ကို သွားလည်ရင်း ကြက်သောက်ဆန်း အရမ်းကောင်းတဲ့ဆိုင်မှာ စားခဲ့ပြီး အိမ်မှာ အဲ့ဒီ လက်ရာ နီးပါး မီတဲ့ ကြက်သောက်ဆန်းကို ပြန်လည် ချက်ကျွေးခဲ့ဖူးပါတယ်။ ဒါဟာ မိသားစုထမင်းဝိုင်းအတွင်း အမှတ်တရ တစ်ခုပါပဲ။

ကိုယ် မစားဖူးတဲ့ အစားအစာတွေကို စားကြည့်ရတဲ့အချိန်မှာ ဟင်းလျာတွေရဲ့ အရသာက အရမ်းကောင်းမွန်နေရင် စိတ်လှုပ်ရှားပြီး၊ ပျော်ရွှင် ကျေနပ်မှုကို ခံစားရမှာပါ။ အကယ်၍ မကောင်းဘူးဆိုလည်း နောက်တစ်ခေါက်မစားရုံပေါ့။

cooking_ingredient_culinary_spice_herb-444.jpg!d

အစားအစာ အသစ်တွေ စားတာ ဘယ်လိုအကျိုးရှိသလဲ

buffet_indian_food_spices_lunch_restaurant_cuisine_dinner-977502.jpg!d

စွန့်စားလိုစိတ်ရှိလာတယ်

ငယ်စဉ်ကတည်းက မတူညီတဲ့ အစားအစာတွေကို စားလေ့ရှိတဲ့ကလေးတွေမှာ စွန့်စားလိုစိတ်ပိုပြင်းထန်တတ်ပါတယ်။ အမြဲတမ်း အသစ်အဆန်းကို စဉ်းစားနေမယ်၊ အသစ်အဆန်းကို ရှာဖွေ မြည်းစမ်းချင်တဲ့သူတွေ ဖြစ်လာတာကြောင့် သူတို့ ဘ၀အတွက်လည်း ကောင်းပါတယ်။

ဘ၀က တကယ်တော့ တိုတိုလေးပါ။ ဒါ့ကြောင့် တစ်ခုတည်းကိုဘဲ ကြိမ်ဖန်များစွာ လုပ်ဖို့ မသင့်တော်ပါဘူး။

abstract_barbecue_barbeque_bbq_beef_bone_britain_british-819288.jpg!d

အာဟာရ ပိုရရှိတယ်

အားလပ်ရက် အိမ်မှာ ထမင်း ချက်မစားချင်ဘူးဆိုရင်လည်း ကိုယ်စားနေကျ အစားအစာမဟုတ်တဲ့ အစားအစာတွေ (ဥပမာ တခြား တိုင်းရင်းသား အစားအစာတွေ၊ မက်ဆီကို၊ ဂျပန်) စတဲ့ အစားအစာတွေကို သွားစားသင့်ပါတယ်။

မတူညီတဲ့ အရောင်အသွေးတွေနဲ့ အရသာထူးခြားတဲ့အပြင် ချက်နည်းပုံစံမတူညီ ကွဲပြားတဲ့ ဟင်းလျာတွေက သင့်ကို ပိုပြီး စိတ်ကျေနပ်စေသလို မတူညီတဲ့ အာဟာရ ဓာတ်တွေ ရရှိစေမှာပါ။

ရိုးရာအစားအစာစားရင်းနဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းတွေ၊ အစားအစာတွေရဲ့ သမိုင်းကြောင်းလေးတွေစတဲ့ ဟင်းလျာတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရင်းတွေကို သင့်ကလေးကိုလည်း ရှင်းပြပေးရင်း ဗဟုသုတတွေလည်း အများကြီး ရစေမှာဖြစ်ပါတယ်။

family-457235_960_720

မိသားစု နွေးထွေးမှုကို ပိုရရှိလာခြင်း

ကလေးတွေ ဘယ်လောက်ဘဲ ငယ်ငယ် သူတို့မှာလည်း သူတို့ ကြိုက်တဲ့ အစားအစာ၊ မကြိုက်တဲ့အစားအစာတွေ ရှိပါတယ်။ အစားအသောက် အသစ်အဆန်းတွေ များများစားဖူးလေလေ သူတို့ ဘာလိုပုံစံမျိုးကို ကြိုက်သလဲဆိုတာ မိသားစုအချင်းချင်း ပိုသိလာတာကြောင့် နားလည် နွေးထွေးမှုကို ပိုပြီး ရစေပါတယ်။ မိသားစုနဲ့ အတူတကွ ပျော်ပျော်ရွှင်ရွှင် စားသုံးဖူးတဲ့ ဟင်းလျာအသစ်တွေအကြောင်း အမှတ်တရတွေလည်း သူတို့မှာ ကျန်ရှိနေမှာပါ။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ အစားအသောက်အမျိုးမျိုးရဲ့ ဟင်းလျာတွေရဲ့ အရသာတွေ ထူးကဲအောင် ခနောက ကူညီပေးပါလိမ့်မယ်။ ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံရှိ မတူညီတဲ့ တိုင်းရင်းသားများရဲ့ ချက်ပြုတ်နည်းတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဟင်းလျာတွေအရသာ ထူးကဲကောင်းမွန်ပြီး မိသားစုနဲ့ အမှတ်တရ အချိန်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။