မနက်အိပ်ယာထပြီး မနက်စာမစားရသေးခင်မှာ ကြက်သွန်ဖြူနဲ့ ပျားရည်ကိုတွဲပြီးစားပေးရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ သူတို့နှစ်ခုလုံးမှာ Antibiotic တွေပါဝင်ပြီး ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပါတယ်။
သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း
သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ မနက်ပိုင်းအစာမစားခင် ကြက်သွန်ဖြူကို ပျားရည်နဲ့ တွဲစားပေးရင် Gastric အရည်တွေထုတ်ပေးပြီး သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝလို့လည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
ကြက်သွန်ဖြူကိုဘာလို့စားသင့်လဲ။
အသားအရေအတွက်ကောင်းမွန်ခြင်း
Antioxidant ကြွယ်ဝစွာပါဝင်လို့ ဆဲလ်တွေကို ပြန်လည်နုပျိုစေသလို အသားအရေကိုလည်း ကြည်လင်စေပါတယ်။
ဘက်တီးရီးယားတွေကို ကာကွယ်ပေးခြင်း
ကိုယ်ခံအားစနစ်ကောင်းမွန်စေလို့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်တိုက်ထုတ်ပေးနိုင်ပါတယ်။
ပျားရည်ဘာလို့စားသင့်လဲ။
ကိုယ်အလေးချိန်လျှော့ချပေးပါတယ်။
ပျားရည်က ချိုလို့ ကိုယ်အလေးချိန်မလျှော့ချပေးနိုင်ဘူးလို့ မထင်လိုက်ပါနဲ့နော်။ ကြက်သွန်ဖြူနဲ့ တွဲစားလိုက်ရင် သင့်ရဲ့ အစားအလွန် အကျွံ စားချင်တဲ့စိတ်ကို ထိန်းပေးပြီး ဗိုက်ကိုရောင့်ရဲ တင်းတိမ်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ကျစေပြီး ဟော်မုန်းကိုညီမျှစေပါတယ်။
နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
ခေါက်တစ်ခြမ်းကိုက်ခြင်း (သို့) နာတာရှည်ကိုက်ကဲခြင်းတွေကို ပျားရည်က သက်သာစေပါတယ်။ ပျားရည်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ သင်ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုပါပဲ။
အားပြည့်စေတယ်။
တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့်ဘာလို့ အားဖြည့်အချိုရည်တွေ သောက်နေဦးမှာလဲ။
ပျားရည်နဲ့ ကြက်သွန်ဖြူကို ဘယ်လိုစားမလဲ
ပါဝင်ပစ္စည်း
ကြက်သွန်ဖြူ ၁၂ မွှာ
ပျားရည် ၁ ခွက်
အဖုံးပါတဲ့ ဘူးတစ်ဘူး
ပြင်ဆင်ခြင်း
ကြက်သွန်ဖြူကို တောက်တောက်စဉ်းလိုက်ပါ။ (သို့) ဓါးနဲ့ ပြားသွားအောင် ရိုက်ပေးလိုက်ပါ။ ပြီးရင် ဘူးထဲထည့်လိုက်ပြီး ပျားရည်ထည့်လိုက်ပါ။ ပြီးရင်သေချာရောလိုက်ပြီး ဘူးကိုအဖုံးပိတ်လိုက်ကာ မှောင်တဲ့နေရာမှာ ထားပါ။ ပြီးရင် မနက်စာမစားခင် စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပေးပါ။
Featured Image Source: BRAINY DOSE