ရေများများသောက်ရမယ်ဆိုတာတော့ လူတိုင်းသိကြပါတယ်။ ကျွန်မတို့ရဲ့ ခန္တာကိုယ်ကလည်း ရေဓါတ် ၇၅ % နဲ့ဖွဲ့စည်းထားတယ်ဆိုတာ လူတိုင်းလည်း သိပြီးသားဖြစ်မှာပါ။ အမျိုးသားတွေ ဆိုရင် ရေမသောက်ဘဲ ရက်အနည်းငယ်ထက် ပိုအသက်မရှင်နိုင်ပါဘူး။ ရေများများသောက်ဖို့ လိုနေပြီဆိုတဲ့အကြောင်း ပြသတဲ့ လက္ခဏာရပ်တွေကတော့။
နှလုံးခုန်နှုန်းမြန်လာခြင်း
ရေဓါတ်နည်းပါးရင် ခန္တာကိုယ်အတွင်းက ပိုတက်ဆီယမ်ဓါတ်တွေ တခြား အဟာရဓါတ်တွေနည်းပါးလာပြီး နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ သင်ရေ ဘယ်လောက်များများသောက်တယ်ဆိုတာ ပြန်စမ်းစစ်ပါ။
အာပုပ်ဆော်နံခြင်း
တံတွေးဟာ သွားပိုးစားတာနဲ့ တခြားသွားရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သင့်ခန္တာကိုယ်မှာ လိုအပ်တဲ့ ရေဓါတ်များများမရဘူးဆိုရင်တော့ ဘက်တီးရီးယားတွေပိုများလာပြီး အာပုပ်ဆော်နံတာနဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။
အစာစားချင်စိတ်ပိုများလာခြင်း
ရေများများသောက်ပေးတာဟာ အစားစာချင်စိတ်ပိုပိုများလာခြင်းကိုတားဆီးပေးလို့ ကိုယ်အလေးချိန်ကျစေပါတယ်။ ရေဓါတ်ခမ်းခြောက်ရင် အချိုစာတွေ များများစားချင်လာတာမျိုး ဖြစ်တတ်ပြီး အစားအလွန်အကျွံစားချင်စိတ်ကို ဖြစ်စေပါတယ်။
အရိုးအဆစ်တွေ ကြွက်သားတွေ နာကျင်လာခြင်း
ခေါင်းကိုက်လာခြင်း
ဝမ်းချုပ်ခြင်း နဲ့ အစာချေစနစ်မမှန်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း နဲ့ အားအင်ကုန်ခမ်းခြင်း
ဆီးဝါခြင်း (သို့) ဆီးအရောင်မကောင်းခြင်း
အသားအရေနဲ့ နှုတ်ခမ်းသား ခြောက်သွေ့လာခြင်း
ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာခြင်း
ဒီလိုလက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ရေများများသောက်ဖို့လိုပါတယ်။ စာဖတ်သူတို့ရေ နေ့စဉ်ရေများများသောက်ပေးပါ။