တစ်နှစ်ထက်တစ်နှစ် ကော်ဖီသောက်သုံးတဲ့ လူဦးရေပမာဏဟာ တိုးပွားလို့လာနေပါတယ်။ အလွန့်အလွန် အရသာရှိလှတဲ့ ကော်ဖီတစ်ခွက်ကို ပြုလုပ်ဖို့ဆိုတာဟာ အနုပညာတစ်ခုဖြစ်ပြီး အခြေခံနည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင် ဘယ်လိုလုပ်ရလဲဆိုတာကို သင်ယူနိုင်ပါတယ်။

ဒါကြောင့် အနည်းဆုံး တစ်ကြိမ်လောက်တော့ ပြုလုပ်မိတဲ့ ကော်ဖီဖျော်တဲ့အမှားနဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်ပါတယ်။

၁။ ပိုက်ဆံချွေတာခြင်း

ကော်ဖီရဲ့ဈေးနှုန်းက သူ့ရဲ့အရသာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေလို့ အရသာရှိတဲ့ကော်ဖီတစ်ခွက်ကတော့ ဈေးမသက်သာနိုင်ပါဘူး။

၂။ ကော်ဖီကြိတ်စက်အသုံးမပြုခြင်း

အချို့လူတွေက အပင်ပန်းမခံလို၊ အချိန်အကုန်မခံလိုတဲ့အတွက် ကြိတ်ပြီးသားကော်ဖီကို ဝယ်ယူကြပါတယ်။ ကြိတ်ပြီးသားကော်ဖီမှုန့်တွေက စူပါမားကတ်တွေရဲ့စင်တွေမှာ အချိန်အကြာကြီးရှိနေပြီးဖြစ်လို့ အနံ့အရသာပါ ပြောင်းလဲသွားနိုင်ပါတယ်။

၃။ ကော်ဖီစေ့တွေကို စနစ်တကျ မသိမ်းဆည်းမိခြင်း

လေ၊ အလင်းရောင်နှင့် အပူတွေက ကော်ဖီစေ့တွေအတွက် အဓိကအန္တရာယ်များဖြစ်လို့ ထုပ်ပိုးတဲ့အခါမှာ အထူးသတိထားရပါမယ်။ လေအလုံပိတ်ထားဖို့လိုအပ်လို့ အိတ်တွေနဲ့သိမ်းဆည်းမည့်အစား ဘူးလေးတွေနဲ့ စနစ်တကျအလုံပိတ်သိမ်းဆည်းခြင်းက အကောင်းဆုံးပါ။

၄။ ၁ အချိုး ၁၀ စည်းမျဉ်းကို မလိုက်နာခြင်း

ကော်ဖီဖျော်တဲ့အခါမှာ ကော်ဖီမှုန့် ၁ ဇွန်းကို ရေ ၁၀ မီလီလီတာနဲ့ ရောစပ်ဖျော်ခြင်းက ကျွမ်းကျင်ပညာရှင်များ ထောက်ခံထားတာပါ။ ရေအများကြီးထည့်လိုက်မယ်ဆိုရင် အကောင်းဆုံးကော်ဖီတောင်မှ ရွက်ကြမ်းရေကျိုဘဝရောက်သွားပါလိမ့်မယ်။

၅။ ခွက်ကို မှန်မှန်ကန်ကန် မသုံးမိခြင်း

ကော်ဖီရဲ့အရသာကို အပြည့်ခံစားနိုင်ဖို့အတွက် မှန်ကန်သင့်တော်တဲ့ ခွက်ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ အနားပြီး ၂၀၀ မီလီလီတာရှိတဲ့ ခွက်တွေက ကော်ဖီကို အချိန်ကြာကြာပူနွေးနေစေပါတယ်။

၆။ ကော်ဖီစေ့တွေကို ရေခဲသေတ္တာထဲမှာသိမ်းဆည်းခြင်း

ရေခဲသေတ္တာက အနံ့တွေကို စုပ်ယူသွားနိုင်စွမ်းရှိလို့ ကော်ဖီသည်လည်းပဲ ထိုအထဲမှာ မသိမ်းဆည်းသင့်တဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ထည့်လိုက်မိပါက ကော်ဖီရဲ့ အနံ့ရော အရသာပါ အဆိုးဆုံးဖြစ်သွားမှာပါ။

၇။ အေးစက်နေတဲ့ ကော်ဖီကိုသောက်သုံးခြင်း

ကော်ဖီကို အရသာရှိရှိဖျော်ပြီးသော်လည်း တခါတလေမှာ အလုပ်တွေရှုပ်လို့ သောက်ဖို့မေ့သွားတတ်ပါတယ်။ ချက်ချင်းမသောက်မိတော့ အေးစက်သွားတဲ့ကော်ဖီဟာ အရသာခါးသွားပြီး အနံ့လည်းတမျိုးပြောင်းသွားနိုင်ပါတယ်။

၈။ ပါဝင်ပစ္စည်းအများကြီးထည့်ခြင်း

ကော်ဖီတွင် Antioxidants ပါဝင်ပြီးသွားဖြစ်လို့ နို့ထပ်ထည့်စရာမလိုပါဘူး။ သို့သော်လည်း အချို့သူများက နို့ထပ်ထည့်မှ အရသာတွေ့ကြတာဖြစ်လို့ ထည့်သွင်းသောက်သုံးတတ်ကြပါတယ်။ ဒါပေမယ့် နို့ သို့မဟုတ် သကြား အများကြီးထည့်လိုက်ခြင်းက လတ်ဆတ်တဲ့ကော်ဖီရဲ့ အရသာကို ပျက်စီးသွားစေနိုင်ပါတယ်။

၉။ တခါတည်းအများကြီးဝယ်ခြင်း

ကော်ဖီတွေကို လှော်ပြီးနောက် သုံးပတ်ထက်ပိုပြီး မသုံးဖို့အကြံပေးချက်တွေရှိပါတယ်။ နည်းနည်းချင်းဝယ်ပြီး လတ်လတ်ဆတ်ဆတ်သောက်သုံးခြင်းက မွှေးရနံ့သင်းတဲ့ ကော်ဖီတစ်ခွက်ရဲ့ အရသာကို ခံစားမိစေမှာပါ။

၁၀။ ကော်ဖီဖျော်စက်ကို မကြာခဏ သန့်ရှင်းရေးမလုပ်ခြင်း

အခြားစက်ပစ္စည်းတွေလိုပဲ ကော်ဖီဖျော်စက်လည်းပဲ မကြာမကြာ သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ထိုသို့လုပ်ပေးခြင်းက ကော်ဖီရဲ့မွှေးပျံ့တဲ့ ရနံ့ကိုထိန်းသိမ်းနိုင်စေရုံသာမက ဘတ်တီးရီးယားတွေ ကော်ဖီထဲဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။