စားတဲ့အခါ တချို့ကတော့ ပုံမှန်အရသာနဲ့စားတတ်ကြပေမယ့် တချို့ကတော့ စပ်စပ်လေးမှကြိုက်တဲ့လူလည်း ရှိပါတယ်။ သင်ကော အစပ်စားနိုင်လား ?

တကယ်လို့ သင်က စပ်တဲ့အစားအစာတွေကိုကြိုက်တဲ့သူ ၊ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးနဲ့ အစားအစာတွေကို မြည်းစမ်းချင်သူတစ်ယောက်ဆိုရင်တော့ သင့်ခံတွင်းကို မီးမွှေးထားသလို ခံတွင်းတွေ့စေမယ့် တစ်ကမ္ဘာလုံးရဲ့ နာမည်အကြီးဆုံး အစပ်ဆုံး ဟင်းဆယ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။

အိန္ဒိယ- Phaal ဟင်း

ကမ္ဘာပေါ်မှာအစပ်ဆုံးဟင်းလို့တောင် အသိအမှတ်ပြုခံထားရတဲ့ Phaal Curry ထဲမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကမ္ဘာပေါ်မှာ အပူဆုံးငရုတ်ကောင်း အပါအဝင် ငရုတ်သီးအမျိုးအစား ၁၀ မျိုး ပါဝင်ပါတယ်။

ထိုင်း- Tom Yum

ထိုင်း- Tom Yum ချဉ်စပ်ဟင်းချိုမှာ ကြက်သားနဲ့ ပင်လယ်စာများပါလေ့ရှိပြီး သူ့ရဲ့အနံ့အရသာကြောင့် အများစုက နှစ်သက်ကြပါတယ်။

ပီရူး- Papa a la Huancaina

သံလွင်သီး၊ ကြက်ဥပြုတ်၊ ငံပြာရည်အနှစ်နဲ့ ပေါင်းထားတဲ့ Papa a la Huancaina က ပီရူးနိုင်ငံရဲ့ အစပ်ဆုံးဟင်းလျာတွေထဲက တစ်ခုပါ။

အီသီယိုးပီးယား- Sik Sik Wat

မွှေးကြိုင်တဲ့ ငရုတ်သီး၊ paprika နဲ့ fenugreek တို့နဲ့ ပြုလုပ်ထားတဲ့ Sik Sik Wat ကို အီသီယိုးပီးယားမှာ အမဲသားနဲ့ ကြက်စွပ်ပြုတ်တို့အတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြပါတယ်။

တရုတ်- Huo Guo

ငါး ၊ အမဲသား ၊ တို့ဟူးနဲ့ ဟင်းသီးဟင်းရွက်စတဲ့ ပါဝင်ပစ္စည်တွေ အများကြီးပါဝင်တဲ့ Huo Guo ရဲ့ အရသာက Sichuan ငရုတ်ကောင်းဆီ ကြောင့်ပါ။

ကိုရီးယား- Kimchi Jjigae

ကိုရီးယား- Kimchi Jjigae မှာ တိုဟူး၊ မှို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ မရေမတွက်နိုင်တဲ့ ငရုတ်သီးအနီတို့ ပါဝင်ပါတယ်။

အင်ဒိုနီးရှား- Sambal Oelek

ကမ္ဘာလှည့်ခရီးသည်များအကြိုက်၊ အင်ဒိုနီးရှားနိုင်ငံရဲ့ Samba Oelek ကို Cayenne၊ Habanero၊ Bird’s Eye ငရုပ်သီး ၊ စပိန်ငရုတ်သီး စတာတွေနဲ့ပြုလုပ်ထားတာပါ။

ဂျမေကာ – Jerk Chicken

Jerk Chicken ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ နွေကြက်သွန်နီ၊ Nutmeg၊ စမုန်ဖြူ၊ နဲ့ ကြက်သွန်ဖြူတို့ ပါဝင်ပါတယ်။

ဟေတီ- Griot

ပန်းသီးရှာလကာရည်၊ အစပ်ချဉ်ငရုတ်ကောင်း၊ နုပ်နုပ်စင်းထားတဲ့ Scotch bonnet သို့မဟုတ် habanero ငရုတ်သီးငရုတ်သီးတို့ ပါ၀င်သည့် Haitian hot sauce နဲ့ စိမ်ထားတဲ့ဝက်သားပခုံးနဲ့ လုပ်ထားတဲ့ Griot with Sauce Ti Malice က ဟေတီရဲ့အကျော်ကြားဆုံးဟင်းလျာတွေထဲကမှ တစ်ခုပါ။

မွန်ဂိုလီးယား- စီချွမ် ဟော့ပေါ့

အသား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အသီးအရွက် အစိမ်းအပိုင်းအစတွေကို Sichuan ငရုတ်သီးနဲ့ ပူပူနွေးနွေး ဟင်းရည်ထဲမှာ ထည့်စားကြည့်ပါ။