မီးဖိုချောင်မှာ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ ဆားဟာဆိုရင် လူသားတွေရဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုကနေ ပါဝင်နေပါတယ်။ အစားအသောက်ထဲမှာ ထည့်သုံးတာအပြင် နည်းလမ်းပေါင်းများစွာနဲ့လည်း အသုံးပြုလာကြပါတယ်။

ဒါကြောင့် ယခုတစ်ခါမှာ ဆားကိုအသုံးပြုပြီး ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

၁၀။ ဟင်းချက်အိုးတွေမှ ဆီများကိုဖယ်ရှားပေးခြင်း

ဆား ဖန်ခွက် ၁ ခွက်ကို ဒယ်အိုးပေါ်က ဆီတွေပေနေတဲ့ မျက်နှာပြင်မှာ ဖြန့်ကျဲလိုက်ပါ။ မီးဖိုချောင်သုံးအဝတ်ကိုယူပြီး သန့်ရှင်းသွားတဲ့အထိ သုတ်လိုက်ပါ။

ပြီးလ ျှင်တော့ ပုံမှန်အတိုင်း ရေနဲ့ဆေးကြောပေးနိုင်ပါတယ်။

၉ ။ စဉ့်တီတုံးမှ အညစ်အကြေးများကို သန့်စင်ပေးခြင်း

အသုံးပြုပြီးသား စဉ့်တီတုံးပေါ်ကို ဆားနည်းနည်းဖြူးလိုက်ပြီး သံပုယိုသီးတစ်ခြမ်းနဲ့ ပွတ်လိုက်ပါ။ အချိန်ခဏကြာသည့်အခါ ရေနဲ့ ဆေးကြောလိုက်ပါ။

၈။ ပန်းအိုးတွေရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးခြင်း

ပန်းအိုးတွေရဲ့ အစွန်းအထင်းတွေကို ဖယ်ရှားချင်တဲ့အခါမှာလည်း အိမ်သုံးဆားကို အသုံးပြုနိုင်ပါသေးတယ်။ ဆားကိုအရည်ပျော်အောင်လုပ်ပြီး အိုးထဲကိုလောင်းထည့်လိုက်ပါ။

သေချာလှုပ်ပေးပြီး ရေ၊ ဆပ်ပြာတို့နဲ့ ဆေးကြောပြီးရင် ပြောင်စင်သွားမှာပါ။

၇။ Scrub အနေနဲ့ အသုံးပြုနိုင်ခြင်း

ဆားအနည်းငယ်၊ ထောပတ် (1:2 အချိုး) တို့ကို သေချာရောစပ်ပြီး မျက်နှာပေါ်ကို စက်ဝိုင်းပုံစံအတိုင်း ပွတ်ပေးပါ။ ထောပတ်ကို အစကတည်းက အနည်းငယ် အပူပေးထားပြီး နွေးနွေးလေးရှိအောင်လုပ်ထားမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။

လုပ်ဆောင်ချက်ပြီးသွားတဲ့အခါမှာတော့ မျက်နှာသစ်လိုက်ပြီး လိမ်းနေကျ Moisturizing Cream ကို လိမ်းပေးလိုက်ပါ။

၆။ ချိစ်များမှိုမတက်စေဖို့

ကိုယ်ဝယ်ထားတဲ့ ချိစ်တွေမှိုမတက်ဖု့ိအတွက် ဆားရည်စိမ်ထားတဲ့ အဝတ်စကို ပတ်ပေးထားပါ။ ဒါဆိုရင်တော့ ရက်အနည်းငယ်ကြာတဲ့အထိ အထားခံမှာဖြစ်ပါတယ်။

၅။ ကြွေပြားအချပ်တွေရဲ့ ကြားတွေကို သန့်ရှင်းရေးလုပ်နိုင်ခြင်း

ဆား ဖန်ခွက်တစ်ခွက်ရဲ့ နှစ်ပုံတစ်ပုံကို ရေနွေးနွေး ၁ ဂါလံ၊ ဆပ်ပြာဆီတို့နဲ့ ရောစပ်ပြီး မျက်နှာပြင်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပေးပါ။

အညစ်အကြေးတွေ အများဆုံးရှိတတ်တဲ့ ကြားတွေထဲကို သေချာဂရုစိုက်ပြီး တိုက်ပေးပါ။

၄။ Foot Bath လုပ်နိုင်ခြင်း

ဆား ၁-၂ ခွက်ကို Foot Bath လုပ်မယ့် ဇလုံထဲထည့်ကာ ရေနွေးနွေးရောစပ်ပြီး ရေအပူချိန်အေးသွားတဲ့အထိ ခြေထောက်တွေကို နှစ်ထားပေးပါ။

၃။ ခွက်တွေရဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးခြင်း

ဆား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ရောစပ်ပြီး အစွန်းအထင်းတွေရှိတဲ့ ကော်ဖီခွက်တွေကို နှစ်ထားလိုက်ပါ။ နာရီအနည်းငယ်ထားပြီးနောက် ပုံမှန်အတိုင်း ရေနဲ့ဆေးကြောပေးပါ။

၂။ ခါးသက်တဲ့ကော်ဖီအရသာကို ရှင်းထုတ်ပေးခြင်း

ကော်ဖီအရသာကို ပိုပြီးကောင်းမွန်စေဖို့အတွက်နဲ့ ခါးသက်တဲ့အရသာကို ဖယ်ရှားပစ်နိုင်ဖို့ အချို့ကျွမ်းကျင်ပညာရှင်များက ဆားအနည်းငယ်ထည့်ဖို့ အကြံပေးထားပါတယ်။

၁။ ခေါင်းအုံးများကို ဖြူဝင်းစေခြင်း

အချိန်ကြာလာတဲ့အခါ အဝါရောင်သမ်းပြီ ညစ်ထေးစပြုလာတဲ့ ခေါင်းအုံးစွပ်တွေကို ပြန်လည်အရောင်တက်လာစေဖို့အတွက် ဆား စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဆိုဒါ ဖန်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံကို ရောစပ်ပါ။

ပြီးလျှင် ထိုအရောကို ပန်းကန်လုံးအကြီးထဲထည့်၍ ရေနွေးပူပူနဲ့ပေါင်းပြီး ခေါင်းအုံးစွပ်တွေကို တစ်နာရီကြာစိမ်ထားလိုက်ပါ။

Source: BrightSide