ဖုန်း၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ်ပစ္စည်းများ အကြည့်များခြင်းကြောင့် အမြင်အာရုံတဖြည်းဖြည်းဝေဝါးလာနေပြီလား။ ဒါမှမဟုတ် အသက်အရွယ် တဖြည်းဖြည်းကြီးရင့်လာလို့ မျက်စိအားနည်းလာလိ့ု စိတ်ညစ်နေတာလား။

စာဖတ်သူတို့အတွက် မျက်စိအားကောင်းစေမယ့် သဘာဝသစ်သီးဖျော်ရည်လေးတွေနဲ့ ထိုဖျော်ရည်များကို ဘယ်လိုဖျော်စပ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

မုန်လာဥနီနှင့် သကြားမုန်လာဖျော်ရည်

Source: foodnetwork.com

ပါဝင်ပစ္စည်းများ

  • သကြားမုန်လာ ၂ လုံး
  • ပန်းသီး ၁ လုံး
  • တစ်လက်မပတ်လည် အရွယ်အစားရှိသော ဂျင်း (အခွံခွာထားပါ)
  • ရေ တစ်ဖန်ခွက် (သို့) နှစ်ဖန်ခွက် (မိမိသောက်သုံးမယ့် ပမာဏပေါ် မူတည်ပြီး အသုံးပြုပါ)
  • မုန်လာဥနီ ၂ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

ပါဝင်ပစ္စည်းများ အားလုံးကို ပါးပါးလှီးပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ရေခဲတုံးများ ထည့်ပြီး အရသာရှိရှိသောက်သုံးနိုင်ပါတယ်။

ဟင်းနုနွယ်၊ ကိုက်လံနှင့် ပန်းဂေါ်ဖီစိမ်း ဖျော်ရည်

Source: nuhealings.com

ပါဝင်ပစ္စည်းများ

  • ပန်းသီး ၁ လုံး
  • ရေ တစ်ဖန်ခွက် (သို့) နှစ်ဖန်ခွက်
  • ကိုက်လံ၊ ဟင်းနုနွယ်နှင့် ပန်းဂေါ်ဖီစိမ်း အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

ပန်းသီးကို အနေတော်အတုံးတုံးထားပါ။ အသီးအရွက်များကို အရွက်ချွေထားလိုက်ပါ။ ထိုပါဝင်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စက်ထဲထည့်ကာ ဖျော်လိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေခဲတုံးများကို မိမိစိတ်ကြိုက်ထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်ဖျော်ရည်ထဲကမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးလာပေမယ့်လည်း အမြင်အာရုံကတော့ အမြဲတမ်းကြည်လင်ပြတ်သားနေမှာပဲဖြစ်ပါတယ်။

Source: thedailymeal.com