ခံတွင်းအနံ့ဆိုးနံရင် သူများရှေ့မှာ ရှက်စရာကောင်းပါတယ်။ ဒီလိုနံတာမျိုးကလည်း ပျောက်အောင်လုပ်လို့ရတဲ့အရာဆိုတော့ မပျင်းမရိပဲ လုပ်ကြည့်သင့်ပါတယ်နော်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးနံတာကို အစားအသောက်နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်း ၃ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Apple Cider Vinegar

ဖန်ခွက်ထဲကို ရေနွေးနည်းနည်းထည့်ပြီး Apple Cider Vinegar ကို စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ မွှေပေးပါ။ ပြီးရင် ငုံပြီး ၂ မိနစ်လောက်ထားကာ ပလုပ်ကျင်းပေးပါ။ နေ့တိုင်း လုပ်ပေးသွားရင် ခံတွင်းနံ့နံတာ ပျောက်သွားပါလိမ့်မယ်။

ဂျင်း

ဂျင်းကို ကြိတ်ပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့ ဂျင်းအရည်ကိုမှ စားပွဲတင်ဇွန်း ၁ ဇွန်းစာယူပြီး ရေနွေးလေးနဲ့ ရောပေးပါ။ ပြီးရင်တော့ ပလုပ်ကျင်းပေးပါ။ နေ့တိုင်း အနည်းဆုံး တစ်နေ့ ၃ ကြိမ် ပလုပ်ကျင်းပေးပါက ခံတွင်းနံ့နံတာ ပျောက်သွားပါလိမ့်မယ်။

Green Tea

ဖန်ခွက်ထဲကို ရေနွေးတစ်ပန်းကန်ထည့်ပြီး Green Tea bag လေး စိမ်ထားလိုက်ပါ။ ၂ မိနစ်လောက်ကြာရင်တော့ Green Tea bag ကိုဖယ်ထုတ်ပြီး ပျားရည် တစ်စက်ထည့်ပါ။ ပြီးရင် မွှေပြီး သောက်ပေးပါ။ အဆိပ်အတောက်တွေပြေပြီး ခံတွင်းနံ့နံတာ ပျောက်စေပါတယ်။ နေ့တိုင်းသောက်ပေးပါ။

Source: www.nykaa.com