အကယ်၍ သင်ဟာ အိပ်ရေးမဝဖြစ်နေရင် ခန္ဓာကိုယ်အတွက် အာဟာရ မဖြစ်တဲ့ အစားအစာတွေ စားသုံးမိနေတာကို သတိထားမိပါသလား။

စာမေးပွဲ ရှိနေလို့ တစ်ညလုံးနီးပါး စာကျက်ပြီး နောက်နေ့မနက်ထတဲ့အခါမှာ သကြားအများကြီးပါတဲ့ ကော်ဖီ နဲ့ ဒိုးနက်နဲ့ကို မနက်စာ စားဖြစ်တာမျိုး၊ နေ့လယ်မှာလည်း မအိပ်ငိုက်အောင် ခွန်အားဖြည့်အချိုရည်သောက်တာမျိုး၊ ပီဇာလေးတစ်ကိုက်၊ အားလူးကြော်လေးတွေ စားမိတာမျိုး ဖြစ်ဖူးပါသလား။ လူတွေ တော်တော်များများကတော့ ဖြစ်ဖူးမှာပါ။

လူတွေက အိပ်ရေး မဝတဲ့အခါမှာတော့ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အစားအစာတွေကို ရွေးမိလေ့ရှိပါတယ်။

1

အိပ်ရေးပျက်တဲ့အခါမှာ သကြားဓာတ်ပါတဲ့အစားအစာတွေ ပိုစားချင်လာ

သင့်ရဲ့ ခန္ဓာကိုယ်က သူလိုအပ်တဲ့ အနားယူ အိပ်စက်မှုတွေ မရတဲ့အခါမှာတော့ ကာဗိုဟိုဒရိတ်ဓာတ်ပါတဲ့ အစားအစာတွေကို စားချင်စိတ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် သကြားဓာတ်ပါတဲ့ အစားအစာတွေ စားသုံးပြီး လိုအပ်တဲ့ စွမ်းအင်ကိုပြန်လည် ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ဒါက မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြားလောက်ဘဲ ခံပါတယ်။ ပြန်ပြီးတော့ သကြားဓာတ်ပါတဲ့ အစားအစာတွေ စားချင်လာပါလိမ့်မယ်။

အိပ်စက်မှုနဲ့ပတ်သက်ပြီး ဒေါက်တာဘွဲ့ရရှိထားတဲ့ မိုက်ကယ် ဘလူး (Michael Brues) ကတော့ “ခင်ဗျား စိတ်ဖိစီးမှုများလာရင် စိတ်ဖိစီးမှုကို လျော့စေတဲ့ Serotonin ဓာတ်ကို ထုတ်ပါတယ်။ အဲ့ဒီ ဓာတ်က ခင်ဗျားကို အစားကို ပိုစားစေပါတယ်”လို့ ပြောပါတယ်။

2

အိပ်ရေးပျက်တဲ့အခါ ကိုယ်အလေးချိန် ပိုတက်လာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဘဲ စားသုံးနေပေမယ့် အိပ်ရေးပျက်တဲ့ခါ ဝလာတတ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ် ဟော်မှုန်းဓာတ်တွေကို ညီညီမျှမျှ ထုတ်လုပ်ဖို့ အချိန်မရှိတော့ပါဘူး။

အထူးသဖြင့် Gherlin ဓာတ်နဲ့ Leptin ဓာတ်တို့ကို ညီမျှအောင် မထုတ်နိုင်ပါဘူး။ Gherlin ဓာတ်က အစားစာချင်စိတ်ကို ဖြစ်စေပြီး Leptin က အစာစားချင်စိတ်ကို ပြန်လျော့ပေးတဲ့ ဓာတ်ပါ။

ဟော်မှုန်းတွေ ညီညီမျှမျှ မထုတ်လုပ်နိုင်တော့ဘဲ အစားစားချင်စိတ် Gherlin ဓာတ်တွေဘဲ ထုတ်လုပ်လာတာကြောင့် အစားတွေပိုစားကာ ကိုယ်အလေးချိန်တွေ တက်လာပါတယ်။ ၅ ရက်ဆက်တိုက် တစ်နေ့မှ ၄ နာရီဘဲ အိပ်တဲ့သူတွေက တစ်ပတ်လုံး တစ်နေ့ကို ၁၀နာရီလောက် အိပ်တဲ့သူတွေထက် ကိုယ်အလေးချိန် ၂ ပေါင်လောက်တက်နေတာကို သုတေသနပြုချက်အရသိရပါတယ်။