[Unicode]
သွားကိုက်တာ ဘယ်လောက်ထိနာလဲ။ အိုးပြောမနေပါနဲ့တော့။ သွားကိုက်တဲ့ဝေဒနာက စာဖွဲ့ပြလို့မရဘူး။ ခံစားဖူးတဲ့သူတွေပဲ သိကြမှာပါ။
တစ်ကိုယ်လုံးကျန်းမာနေပေမဲ့ သွားလေးကိုက်နေရင်ကိုး စကားပြောမရ စားမရ သောက်မရထိ ဖြစ်ဖူးတဲ့သူတွေရှိပါတယ်။ သွားကိုက်တာကို အမြန်ဆုံးသက်သာအောင် လေညှင်းပွင့်ကို ဒီလိုအသုံးပြုလိုက်ကြမယ်။
လေညှင်းပွင့်
လေညှင်းပွင့်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ဘက်တီရီးယားကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ၊ Antioxidant နဲ့ သွားကိုက်တာ၊ ခံတွင်းပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဂုဏ်သတ္တိတွေ အများအပြားပါဝင်ပါတယ်။
နည်းလမ်း ၁
လေညှင်းပွင့် နဲ့ သံလွင်ဆီ (သို့) အသီးအရွက်အဆီ တစ်မျိုးမျိုး
လေညှင့်ပွင့် ၂ ခုလောက်ကို ကြိတ်လိုက်ပါ။ ပြီးရင် သံလွင်ဆီနဲ့ရောပြီး သွားပေါ်မှာ လိမ်းပေးပါ။
နည်းလမ်း ၂
လေညှင်းပွင့်ဆီ နဲ့ ဝါဂွမ်း
နောက်တစ်နည်းကတော့ လေညှင်းပွင့်ဆီကို ဝါဂွမ်းစို့ပြီး သွားပေါ်မှာ ဖိကိုက်ထားပေးပါ။
နည်းလမ်း ၃
လေညှင့်ပွင့်ဆီ နဲ့ ရေ ခွက်တစ်ဝက်
လေညှင်းဆီ နည်းနည်းနဲ့ ရေ ထက်ဝက်လောက်ရောပြီး ပလုတ်ကျင်းလိုက်လည်းရပါတယ်။
[Zawgyi]
လေညှင်းပွင့်
နည်းလမ်း ၁
နည်းလမ်း ၂
နည်းလမ်း ၃