အသီးတွေခွဲတဲ့အခါမှာ ခွဲရတာခက်ခဲတဲ့အသီးတွေရှိသလို၊ ခွဲလိုက်ရင် ပျော့သွားတာမျိုးဖြစ်တဲ့ အသီးတွေလည်း ရှိပါတယ်။ ဒါကြောင့် အသီးတွေခွဲတဲ့အခါမှာ သပ်သပ်ရပ်ရပ်နဲ့ ပိုမိုလွယ်ကူစွာခွဲနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

နဂါးမောက်သီးကိုခွဲတဲ့အခါမှာ ထိပ်ဘက်ကို အရင်ဖယ်ထုတ်လိုက်ပြီး နှစ်ပိုင်းပိုင်းလိုက်ပါ။ ပြီးမှ အသားတွေကို ဓားနဲ့ အရာပေးခွဲပြီး ပတ်ပတ်လည်ကိုလည်း ဓားနဲ့ နှိုက်ပြီးအရာပေးပါ။ ပြီးရင်တော့ ခရင်းနဲ့ တစ်ခုချင်းစီ ထိုးယူပြီးစားလို့ရပါပြီ။

ဖရဲသီးခွဲရင် ပိုမြန်အောင် ဓားနဲ့ ပုံမှာပြထားတဲ့အတိုင်း ပတ်ပတ်လည်အရာတွေပေးပြီး အရင်လှီးလိုက်ပါ။ အောက်ဆုံးထိရောက်အောင် လှီးမချပါနဲ့။ ပြီးမှ တစောင်းထားပြီး လှီးလိုက်ရင် အစိတ်လေးတွေ ဖြစ်သွားမှာပါ။ ဒါဆိုရင် ခွဲပြီးမှ သပ်သပ် ပြန်စိတ်နေစရာမလိုတော့ဘူးပေါ့။

ဆန်းကစ်သီးကိုခွာတဲ့အခါမှာ ဇွန်းနဲ့ခွာတာ ပိုမြန်ပြီး လွယ်ကူပါတယ်။ ပုံမှာပြထားတဲ့အတိုင်း အပေါ်ပိုင်းကိုအရင် ဇွန်းနဲ့နှိုက်ပြီး ပတ်ပတ်လည်လုပ်ပေးပါ။ ပြီးမှ အောက်ပိုင်းကိုလည်း ဒီအတိုင်းပဲဆက်လုပ်ပြီး အခွံကို ဆွဲခွွာလိုက်ရုံပါပဲ။

ခရမ်းချဉ်သီးအသေးလေးတွေကို လှီးမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ပိုမြန်အောင် ဘူးအဖုံးဆင်တူနှစ်ခုကို ယူလိုက်ပါ။ ပြီးရင် ဘူးအဖုံးတစ်ခုထဲကို ခရမ်းချဉ်သီးတွေထည့်ပြီး နောက်ဘူးအဖုံးနဲ့ အုပ်လိုက်ပါ။ ပြီးမှ လက်နဲ့အဖုံးကိုဖိထားပြီး အဖုံးနှစ်ခုကြားကနေ ဓားနဲ့လှီးလိုက်ပါ။ ဒါဆိုရင်တော့ တစ်ခါထဲလှီးလိုက်ရုံနဲ့ ခရမ်းချဉ်သီးတွေအများကြီးကို လှီးပြီးသား ဖြစ်သွားမှာပါ။