အစားအသောက်တွေနဲ့ပတ်သက်ပြီး နေ့စဉ်နဲ့အမျှ ကိုယ်လုပ်နေမိတဲ့ အမှားလေးတွေနဲ့ လူတိုင်းအတွက်အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပုလင်းထဲကို ဆီထည့်ရင် ပုလင်းအပေါက်ကကျဉ်းတော့ ဆီတွေဖိတ်ကျနိုင်ပါတယ်။ ဒါကြောင့် ပုလင်းထဲကို တူပဲဖြစ်ဖြစ်၊ တုတ်အသေးလေးပဲဖြစ်ဖြစ် စောင်းထည့်ပြီးမှ ဆီကိုထည့်ပါ။

ပေါင်မုန့်မီးကင်တာ တူးသွားရင် ပေါင်မုန့်ကို လွှင့်ပစ်စရာမလိုပါဘူး။ တူးတဲ့ပေါင်မုန့် နှစ်ချပ်ကို ပွတ်ပေးလိုက်ရင် တူးနေတာတွေ ကွာကျသွားပါလိမ့်မယ်။

လက်ဖက်ရည်ထုပ်၊ ကော်ဖီထုပ်၊ လက်ဖက်ခြောက်ထုပ်တွေကို ခွက်ထဲစိမ်သောက်မယ်ဆိုရင် အထုပ်ကိုအရင်ထည့်တာမျိုးမလုပ်ပါနဲ့။ ရေနွေးအရင်ထည့်ပြီးမှ အထုပ်ကိုစိမ်ထားလိုက်ပါ။

Sushi စားတဲ့အခါမှာ ထမင်းဘက်ကိုအောက်မှာထားပြီး တူနဲ့ယူရင် ထမင်းတွေပြုတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ထမင်းပါတဲ့ဘက်ကို အပေါ်မှာထားပြီးယူပါ။

Source: www. 5minutecraftsteens